မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်ထဲက စခန်းမှူး ကျော်စွာအောင် (ခ) ကိုကာဗွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် ပခုက္ကူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၅၂ တပ်ရင်းစခန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ်ကျဆုံးရဲဘော် ဟန်ထွဋ်အောင် (ခ) ရဲဘော်သားသားကတော့  ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်က မြိုင်မြို့နယ် မြိုင်-ပခုက္ကူလမ်းပိုင်းရှိ စီမံကိန်းရုံးတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Burma Revolution Rangers အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ မိသားစုတွေဆီ သွားရောက်ပြီး တပ်ဖွဲ့က တတ်နိုင်တဲ့ ငွေပမာဏကို ကူညီထောက်ပံ့ပေးကာ အားပေးစကားပြောကြားပြီး ဦးညွှတ်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

ပခုက္ကူခရိုင်တွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားပြီး ဖမ်းဆီးခံထားရသည့် အရပ်သား ၂ဦးကို ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သားအလောင်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၂ယောက်ကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ အစပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။