ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ညသန်းခေါင်ကျော်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃) တပ်စခန်းအတွင်း ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်ကလည်း အဆိုပါတပ်စခန်း အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကိုအသုံးပြုပြီး သီပေါမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်က (၁)ကြိမ်၊ ဇူလိုင်လ (၁၄)ရက်က (၁)ကြိမ်၊ ဇူလိုင်လ(၁၉)ရက်က (၁) ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာကို ဦးတည်ပြီး ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ယောက် သေဆုံးပြီး (၅) ယောက် ဒဏ်ရာရရှိကာ နေအိမ် (၁၃) လုံး၊ အဆောက်အဦး (၆)လုံးနဲ့ အ.မ.က (၁) ကျောင်းရှိ ကျောင်းဆောင်တွေ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

ပေါင်းတည်ကို အင်အားလာဖြည့်တင်းတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ သိမ်းကုန်ကျေးရွာအုပ်က အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရှိသွားတယ်လို့ (၃၆၀၁) PPDF တပ်ရင်းထံမှ သတင်းရရှိပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်လလျှင် လူ ၅၀ ကျော် သေဆုံးနေ

၃ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ရတယ်လို့  နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေး ထုတ်ပြန်ပါတယ်။