ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ မှတ်တမ်းရုပ်သံကို Karenni People’s Liberation Army မှ ထုတ်ပြန်လိုက်ပါတယ်။

ရုပ်သံမှတ်တမ်းဟာ ဇွန်လ ၂၅ ရက်က ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိ ခလရ ၁၃၅ ကို မဟာမိတ်တပ်ပေါင်းစုံတော်လှန်ရေး တပ်တွေနဲ့ ပူးပေါင်းကာ ဆက်လက်ပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

Video – Karenni People’s Liberation Army-KPLA-B 9420

0 Shares:
You May Also Like
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်းနဲ့ပတ်သက်ပြီး ဦးကျော်သက်လင်းဘာပြောခဲ့လဲ (ရုပ်/သံ)

''မုန်တိုင်းဒဏ်ခံရရင်လည်း ဧရာပဲ တခြားစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးတော့ ခံရရင်လည်း ဧရာပဲ အဲ့ဒီတော့ ဧရာက ဘယ်လိုလုပ်လှုပ်နိုင်မှာလဲ။ အဲ့ဒီတော့ သူ့ဒေသမှာ မလှုပ်နိုင်တဲ့အခါမှာ သိပ်ပြင်းထန်တဲ့ ဧရာတိုင်းသားတွေဟာ နေရာစုံကိုပြန့်ကျဲပြီးတော့ နိုင်ငံတွက် တော်လှန်ရေးကို ကချင်မြေမှာလည်းလုပ်ခဲ့တယ်၊ ကရင်မြေမှာလည်း လုပ်ခဲ့တယ်၊ ကရင်နီမှာလည်း သူတို့ပဲ၊ ချင်းပြည်မှာလည်း သူတို့ပဲ တခြား ဒီရခိုင်ဘက်မှာတောင် သူတို့ ရှိတယ်လို့ ကျနော်သိရတယ်။ အဲ့ဒီတော့ သူတို့ ဘာကြောင့် အဲ့ဒီလိုပြန့်ကျဲပြီး ရောက်ရလဲဆို မချရရင် မနေနိုင်လို့ပေါ့ဗျာ''
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်‌ကောင်စီလက်အောက်ခံတပ်သား ၈ ယောက် ကင်းယူထားတဲ့ ကင်မွန်းတော်ပျူကင်းစခန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်းမွန်တော်ပျူကင်းစခန်းကို ဧပြီ ၁၉ ရက် နံနက်ပိုင်းက လက် နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army ထံက သိရပါတယ်။
Read More

ထားဝယ်မြစ်အတွင်း လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို လောင်းလုံးပကဖရဲဘော်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်ထဲက အင်အား ၆၀ နဲ့ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် တပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901  က သတင်းထုတ်ပြန်ထားပါတယ်။