မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။

သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်မှာ မြို့ထဲကို စတင်ဝင်ရောက်လာခဲ့ကာ ဇူလိုင်လ ၂၂ ရက်မှာတော့ မြို့ပေါ်ဧရိယာအများစုကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်း၊ လေကြောင်းနဲ့ လက်နက်ကြီးတွေ သာလွန်အင်အား အသုံးပြုကာ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ရေးသားဖော်ပြနေပါတယ်။

မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာရှိ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်က မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ကို စစ်ကူပို့တဲ့ စစ်သင်္ဘောအုပ်စုကို သပိတ်ကျင်းဒေသအရောက် MDY-PDF နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့သလို၊ ဇူလိုင်လ ၂၀ ရက်မှာလည်း သပိတ်ကျင်းမြို့အနီးရှိ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက စစ်တပ်စခန်းတွေကို MDY-PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာမျိုးတွေရှိပေမဲ့၊ သဘိတ်ကျင်းမြို့ကတော့ စစ်တပ်ရဲ့ လူသူလက်နက် အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွါနေရတယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ စစ်​ကောင်စီ)

0 Shares:
You May Also Like
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်ဆုတောင်းနေစဉ် အမျိုးသမီး အကျဉ်းသူများကို ထောင်အာဏာပိုင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ အကျဉ်းထောင်အတွင်း အမျိုးသမီးဆောင်က အကျဉ်းသူတွေ ခရစ္စမတ်ဆုတောင်းပွဲပြုလုပ်နေစဉ် ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄ ခုက ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် စစ်သား ၄ ဦး ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်ဒေသထဲက စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက  စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။