တိုင်ဖွန်းမုန်တိုင်းအဆင့်ကနေ ​လျော့ကျလာတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာ​ကြောင့် မြန်မာနိုင်ငံတွင်း ရုတ်တရက်​ရေကြီးခြင်း ​ဘေးအန္တရာယ်တွေ ကြုံ​တွေ့လာရနိုင်တဲ့ မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူတွေကို သတိပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ​မြစ်​ရေကြီးခြင်း​ဘေးအန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင်သင့်တာတွေနဲ့ သိရှိလိုက်နာသင့်တာတွေကို အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး လက်ကမ်းစာ​စောင်တွေ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တွေက ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ​နေပြည်​တော်တိုင်းစစ်ဌာန၊ ပြည်သူလူထုလုံခြုံ​ရေးဌာနနဲ့ ​ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တွေ ပူး​ပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ရပ်ကျေးပအဖ တာဝန်ခံ ၁ ဦး စစ်ကောင်စီနှင့် ပူးပေါင်းသွားပြီး အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ ဖူဆယ်ကွင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၃ ဦး သေဆုံး၊ ၁၂ ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် သေဆုံးပြီး ကလေး အပါအဝင် ၁၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။