မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့ကစလို့ မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ တိုက်ခိုက်ရေးနဲ့ တွဲတွန်းသင်္ဘောတွေပါတဲ့ စစ်သင်္ဘောအုပ်စုအပြင် ဇူလိုင် ၂၂ရက်နေ့မှာလည်း နောက်ထပ် စစ်သင်္ဘော ၆စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်လာရမှာ သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ရွာအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပထမဆုံး ဆန်တက်လာတဲ့ စစ်သင်္ဘော ၅ စီးပါ သင်္ဘော ၁၄ စီးအုပ်စုကို MDY PDF နဲ့ ပူးပေါင်းအဖွဲ့တွေက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေတစ်‌လျှောက် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ကာ စစ်သင်္ဘောနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဇူလိုင်လ ၂၂ရက်နေ့မှာ MDY PDF က ထုတ်ပြန်ထားပါတယ်။

စစ်သင်္ဘောအုပ်စုကို သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲကျေးရွာနဲ့ ကျောက်ကြီး ဇာတ်ဆိပ်ကြားနေရာတွေမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

လက်ရှိမှာ အထက်ပါ စစ်သင်္ဘောအုပ်စုဟာ ထီးချိုင့်မြို့နယ်၊ ဒင်ကြီးကျရွာအနားအထိ ရောက်ရှိနေကြောင်းနဲ့ မြစ်ဘေးဝဲယာ ကျေးရွာတွေ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်ဖို့ ဒေသတွင်း တော်လှန်ရေးကင်းထောက်တွေက ဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့ကလည်း အထက်ပါစစ်သင်္ဘောအုပ်စုအတွက် အကြမ်းဖက်စစ်ကောင်စီက ဝက်လက်မြို့နယ်အရှေ့ခြမ်းကို Y12 လေယာဥ်နဲ့ ဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့လို့ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မှော်ရွာတွေက ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား၁၆ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆန်တက်နေပြီး စစ်သင်္ဘောတွေကို ကာကွယ်ဖို့ စစ်ကောင်စီက မြစ်ဘေးဝဲယာတစ်လျှောက်ကို တော်လှန်ရေးတပ်တွေရှိရှိမရှိရှိ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာဖြစ်သလို စစ်လေယာဥ်တွေနဲ့လည်း လုံခြုံရေးယူ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

“သင်္ဘောတွေတိုက်ခိုက်ခံရတော့ အထက်ကိုတက်ဖို့ ခက်တော့ ၂၂ရက်နေ့မှာ နောက်တစ်သုတ် ထပ်တက်တယ်လို့ ယူဆတယ်ဗျ။ စစ်ကူမလုံလောက်လို့ အင်အားဖြည့်ချင်လို့ပါပဲ။ အဲ့နောက်ထပ်တစ်သုတ်ကလည်း ၂စီးပူးစီ စုစုပေါင်း ၆စီးတက်တာ.. တိုက်ခိုက်ရေး ၂စီးပါပါတယ်။ အခု အဲ့ကောင်တွေ သပိတ်ကျင်းအထက် ရောက်သွားပါပြီ” Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့ကလည်း မန္တလေးမြို့ဂေါ်ဝန်ဆိပ်ကနေ ထပ်ပြီးဆန်တက်လာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးတွေကြောင့် ဝက်လက်မြို့နယ်အရှေ့ဘက်၊ အင်ဒေါင်းရွာရှိ အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်ကောင်စီသင်္ဘောများ (ဓာတ်ပုံ Wetlet Informational Network)

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမှာ တစ်ရက်အတွင်း ပြည်သူ ၁၀၀ ခန့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွေးကောက်ပွဲ ၃ ကြိမ် အနိုင်ရ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးအမတ် ပစ်သတ်ခံရ

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်က ကြံ့ခိုင်ရေးပါတီ အမတ် စိုင်းငေါင်းဆိုင်ဟိန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

တောင်သာ ရုံးစည်ကြီးစခန်းကို PDF ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၆ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့၊ ခဲယမ်းကျည် မလုံလောက်မှုကြောင့် စခန်းကို အပြီးသတ်မရရှိခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်အုပ်စုအထိုင်ချရာ ရုံးစည်ကြီးရွာ တိုက်နယ်စခန်းကို တော်လှန်ရေးတွေ ဝင်ရောက်သိမ်းပိုက်မှုမှာ စစ်အုပ်စုဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မတရား ပေါ်တာဆွဲခံရသူ အတူနေ ရဲကိုသတ်၊ သေနတ်ယူကာ အလင်းဝင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။