မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်ကစလို့ မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်အတွင်းရှိ ရပ်ကွက်အားလုံးနီးပါးမှာ အသက်ပြည့်သူတွေ စစ်မှုထမ်းမဲနှိုက်ဖို့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က လိုက်လံပြောကြားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါဟာ စစ်ကိုင်းငလျင်လှုပ်ခတ်အပြီး ကြိုကြားပေါ်တာဆွဲဖမ်းဆီးမှုတွေကလွဲလို့ တရားဝင်မဲနှိုက်တာတွေ ရပ်နားထားရာကနေ ပြန်လည်စတင်လာတာလို့လည်း သိရပါတယ်။

ဇူလိုင်လ ၂၂ ရက်မှာတော့ မနက်ပိုင်းကစလို့  ရပ်ကွက်ရုံးနဲ့ ဓမ္မာရုံတွေထဲ ရပ်ရပ်ကွက်နေပြည်သူတွေကို ညပိုင်းအထိ စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

စစ်မှုထမ်းမဲနိူက်ရာမှာ ရွှေကျင်၊ အိုးဘို၊ ပုလင်းဝင်း၊ ရုံးသာ၊ အမရဠာနီ၊ သင်္ဘောတန်းနဲ့ အောက်ကမ်းနားလမ်းစတဲ့ အောင်မြေသာစံမြို့နယ်ထဲက ရပ်ကွက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံဖြန့်ဝေတဲ့ စစ်မှုထမ်းမဲနှိုက်စာရွက်စာတမ်းတွေထဲမှာ မဲနှိုက်ဖို့ ကိုယ်တိုင်​ မတက်ရောက်နိုင်ရင် အသက်ပြည့်တဲ့ အိမ်ထောင်စုစာရင်းမှာ ပါဝင်သူက နှိုက်ပေးရမှာဖြစ်ပြီး ကိုယ်စားရော ကိုယ်တိုင်ပါ လာရောက်ဖို့ ပျက်ကွက်ခဲ့ရင် ရပ်ကွက်အုပ်ချုပ်ရေးက နှိုက်ပေးပြီး ကျတဲ့အမှတ်စဥ်အတိုင်း တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မန္တလေးမြို့ရှိ၊ မြို့နယ်တစ်ခုမှာ စစ်မှုထမ်းမဲနိူက်ဖို့ စောင့်ဆိုင်းနေသူများ

“ကျွန်တော့်အသိ ဦးလေးတစ်ယောက်ဆို သား၂ယောက်ရှိတာ၊ ၁ ယောက်က ၁၈ တော့ပြည့်ပြီ။ ကျောင်းတက်နေတုန်းပါ။ ၁ ယောက်က ကျောင်းပြီးသွားပြီ။ အဲ့တာကို ၂ ယောက်လုံးစာ မိဘကို နှိုက်ခိုင်းတယ်။ ကျောင်းတက်တဲ့ကောင်လေးက နံပါတ် ၉၀ ဝန်းကျင်ကျတယ်။ ကျောင်းမတက်တော့တဲ့ ကောင်လေးက ၂ ရာကျော်ကျတယ်။ ကျောင်းပြီးတာနဲ့တခါတည်း စစ်မှု မထထမ်းမနေရနဲ့ လုပ်မယ့်ပုံစံပေါ့။” လို့ အောင်မြေသာစံမြို့နယ်နေ အရပ်သား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ကျန်ရပ်ကွက်နေ ပြည်သူ ၁ ယောက်ကလည်း မဲနှိုက်ရာမှာ လက်ရှိ တက္ကသိုလ်တက်ရောက်နေသူတွေလည်းပါဝင်တယ်လို့ ပြောပါတယ်။

“ဒီနေ့မဲနှိုက်ကြတာ ရပ်ကွက်ရုံးမှာမဟုတ်ဘဲ အဲ့နားလေးက မြတ်စောညီနောင်ဘုရားထဲမှာ မဲနှိုက်ကြပါတယ်။ မဲအရေတွက် ၆၀၀ကျော်တယ်။ လူငယ် ၆၀၀ ကျော်ပေါ့။ သူတို့ပြောတာတော့ ၁ လကို အစဉ်လိုက် ၇ ယောက် ၁၀ ယောက် ခေါ်မယ်။ ၁၈ ပြည့်တာနဲ့ အကုန်နှိုက်ပဲ။ တချို့ကျောင်းတက်လည်း ၁၈ နှစ်ပြည့်ရင် မဲကြိုနှိုက်ရတယ်” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိအခြေအနေအရ မန္တလေးမြို့နဲ့ ၁၃မိုင်လောက်သာကွာဝေးတဲ့ ပုသိမ်ကြီးမြို့နယ်အပါဝင် မတ္တရာမြို့တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသလို တော်လှန်ရေးတပ်တွေက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်မှာလည်း စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ရင်း မြို့အနီးအနားရောက်ရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီတွေက ဝါဒဖြန့်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ် သင်တန်းတွေဟာလက်ရှိမှာ အပတ်စဥ် ၁၅အထိဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး တစ်ဖက်မှာလည်း  အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းပြီးစီးသူတွေကို အလုပ်အကိုင်ရှာဖွေရေးစီမံခန့်ခွဲမှုကော်မတီဖွဲ့ပြီး အလုပ်အကိုင်ရရှိရေးအတွက် လုပ်ဆောင်ပေးမယ်လို့ ဝါဒဖြန့် မက်လုံးပေးတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃၂၀ ကျော်အထိရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်မည့် ရွေးကောက်ခံကိုယ်စားလှယ်များ လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် အလေးပေးဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို…

" ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်"လို့ အာဏာထိန်းတယ်ဆိုပြီး အာဏာလုထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး အလင်းဝင်လာ

ပြီးခဲ့တဲ့ မတ်လနောက်ဆုံစရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ တော်လှန်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။