ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ နေအိမ်တွေကို ဒရုန်းနဲ့ စောင့်ကြည့်ပြီး ပစ္စည်းခိုးယူတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဇူလိုင် ၂၂ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား ၄ ယောက်ကို သူတို့ ငှားရမ်းနေထိုင်ရာအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ အသက် ၂၅ နှစ်ကနေ ၃၀ အရွယ် မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ ခရီးသွားတွေရဲ့ နေအိမ်တချို့ ခိုးယူခံရမှု များပြားလာတာကြောင့် ထိုင်းရဲတပ်ဖွဲ့ကို တိုင်ကြားရာကနေ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Bangkok Post)

ပြစ်မှုကျူးလွန်သူ ၄ ယောက်ဟာ သော့မခတ်ထားတဲ့ နေအိမ်တွေနဲ့ အလွယ်တကူထားရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို ဒရုန်းတွေနဲ့ စောင့်ကြည့် ခိုးယူတာဖြစ်ပြီး သူတို့သုံးတဲ့ ဒရုန်းကလည်း နိုင်ငံခြားသားတွေဆီကနေ ခိုးယူထားတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ဆီ ဝန်ခံထွက်ဆိုထားကြောင်း သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ခိုးယူရရှိတဲ့ပစ္စည်းတွေကို ရောင်းချရာကနေ ရရှိလာတဲ့ငွေနဲ့ ဝယ်ယူထားတဲ့ စိတ်ကြွဆေးပြား ၆၆ ပြားကိုလည်း သူတို့နဲ့အတူ သိမ်းဆည်ရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်း – Drone-flying burglars arrested on Koh Phangan 

0 Shares:
You May Also Like
Read More

နိုင်ငံတဝန်း ၃ လ အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦး အပါအဝင် ပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
Read More

လူအများအိပ်မောကျချိန် မြောက်ဦးကို စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ဦးအပါ ၁၂ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း AA ထုတ်ပြန်၊ စစ်တပ်က ပြည်သူများအပေါ် တမင်ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေဟု ဆို

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ လူအများအိပ်မောကျနေချိန်ကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးစေဖို့ တမင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။