မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

အခုလ ဇူလိုင်လ ၁ ရက်ကနေ ၂၂ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်တစ်နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် မိန်းကလေး (၈) ယောက်နဲ့ ယောက်ျားလေး (၁၁) ယောက် စုစုပေါင်း (၁၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေထဲမှာ မန္တလေးတိုင်းက (၆) ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး သေဆုံးသူစုစုပေါင်းထဲက (၁၅) ယောက်ဟာ စစ်အုပ်စု လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အုပ်စု မတရားစစ်အာဏာလုချိန်ကစလို့ ဇူလိုင် ၂၂ ရက် မနေ့ကအထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေ​ကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၉၈၀) ဦး ရှိပြီဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုတွေ အပြင်းအထန် ထိခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွား​ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ငှက်သားပေါက်ရာသီအတွင်း ငှက်ပစ်အမဲလိုက်တာတွေမလုပ်ဖို့ မင်းတပ် ပအဖ သတိပေး

ရှားပါးငှက်မျိုးစိတ်တွေရဲ့ သားပေါက်ရာသီ ဖြစ်တာကြောင့် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်တာတွေ ၂ လကြာ ပိတ်ပင်တားမြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃၅ ဦး သေဆုံး၊ လက်နက်များစွာ တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။
Read More

ခမရ (၅၉၁) မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။