ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲ့ အရှေ့ဘက် တမံကြီးရွာ၊ ဒေါကျော်ရွာနဲ့ ရေတာရှည်ရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၂ ရက် မနေ့က မနက် ၁၁နာရီမှာ အထက်ပါရွာတွေဆီ အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အင်အား ၆၀ က စစ်သားတွေရော ရဲတွေရော ပါပါတယ်။ ကျနော်တို့က သတင်းကြိုရထားတော့ ရေတာရှည်ရွာထိပ်မှာ ကင်းပုန်းချပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်တာ များပါတယ်။ အနီးကပ် ပစ်ကြတာဆိုတော့ ရှေ့တင်မှာပါပဲ” လို့ BTZM GBK PDF တာဝန်ခံ ကိုတေဇမင်းက မောင်းကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၃ယောက် ထိမှန်ကာ ၇ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးတာတွေကို အနီးကပ် မြင်ခဲ့ရပေမယ့် စစ်ကောင်စီတပ်က အင်အားများတာကြောင့် လက်နက်ကောက်ယူမှုအထိတော့ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“သေဆုံးအလောင်းတွေကို ဆွဲထုတ်သွားတာတွေ ကျနော်တို့ နယ်မြေပြန်ရှင်းလင်းတော့ လမ်းကြောင်းတွေ တွေ့ရတယ်။ ကျနော်တို့ဘက်ကလည်း ရဲဘော် ၂ယောက် ထိခိုက်ဒဏ်ရာရသွားတော့ ပြန်ဆုတ်ခဲ့ရတယ်” လို့ ကိုတေဇမင်းက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ တိုက်ပွဲအပြီး သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရ တပ်သားတွေကို သယ်ဆောင်ကာ ဇီးကုန်းမြို့နယ်ဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ မောက်ခမ်းဝါကို အရေးယူရန် ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းများ တောင်းဆိုထား

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့တဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေတွေနဲ့ စံနမူနာပြု အရေးယူပေးဖို့ ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။