စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာ ဆိုင်ကယ်နဲ့ သွားလာလှုပ်ရှားနေတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂၂ ရက်၊ မနေ့က မနက်ပိုင်းမှာ ရွှေဘို-ရေဦးလမ်းပိုင်းအတွင်း မောင်းနှင်နေတဲ့ ဆိုင်ကယ် ၃ စီး၊ စစ်သား၊ ရဲနဲ့ ပျူစောထီး စုစုပေါင်း ၆ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အထက်ပါ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်းကင်းစခန်းအတွင်း တပ်စွဲနေထိုင်နေတာလို့လည်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်သား၊ ရဲနဲ့ ပျူစောထီး ၄ ယောက် သေဆုံးပြီး G3 သေနတ် ၁ လက် အပါအဝင် ကျည်ဘောက်၂ ခု၊ ကျည် ၁၆၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် (၄) တပ်ရင်းနဲ့ မဟူရာရွှေဘိုသား PDFအဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

” ကျနော်တို့ပစ်နေတုန်း မီတာ ၅၀၀ လောက်ပဲကွာတဲ့ ညောင်ပင်သာစိုက်ပျိုးရေးခြံ ကင်းကနေ ပစ်ကူပေးပါတယ်။” လို့ မဟူရာရွှေဘိုသားအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကူလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

ပြည်သူ့တွေ့ဆုံပွဲတွေ ပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ပြုလုပ်ခဲ့တဲ့ ပြည်သူနဲ့ တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။