မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ပြီး စစ်သင်္ဘော ၁ စီးနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

Video – Bo Linn Yone

0 Shares:
You May Also Like
Read More

မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ် အရာရှိများ စီးနင်းလာသည့် ယာဥ်တန်းနှင့် ဂိတ်စခန်းကို တိုက်ခိုက်ရာ G2 နှင့် ဗိုလ် ၂ဦး အပါအဝင် ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဖြင့် ကြေးနီတင်လာသည့်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး တိမ်းမှောက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးယူကာ ကြေးနီတင်လာတဲ့ ယာဉ်တန်းကို ပဒေသာအတွဲလိုက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မှောင်ခိုရောင်းဝယ်သူတွေ ဖမ်းဆီးထားတဲ့ ရှားပါးမျိုးစိတ် Red Panda လေးတွေကို မူရင်းဒေသသို့ ပြန်ပို့ဆောင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ မှောင်ိခုရောင်းဝယ်သူတွေ သယ်ဆောင်လာတဲ့ ရှားပါးမျိုးစိတ် Red Panda လေးတွေကို ဖမ်းမိခဲ့တဲ့အတွက် မူရင်းဒေသသို့ ပြန်လည်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ NUG သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အသိပေးထားပါတယ်။
Read More

ထားဝယ်မြို့နယ် ရွှေဂူတောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။