တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာတိုက်ပွဲကနေ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

အာရှလမ်းမကြီးဘေးရှိ သိန်းခွန်ကျေးရွာတိုက်ပွဲမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၉ ယောက်က MA 1 (၄) လက်၊ MA 11 (၁) လက်၊ ကျည်ဘောက် ၁၅​ ခုနဲ့ ကျည်တွေနဲ့အတူ အလင်းဝင်လာခဲ့ရာ တစ်ယောက်ကို ငွေကျပ်သိန်း ၃၀ စီ ဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အလင်းဝင်ခ်ိုလူံလာသူတွေဟာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေ ဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်ဆီ စေလွတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်မှာ မနေလ်ိုတာကြောင့် ပြည်သူ့ရင်ခွင်ခ်ိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူတွေကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး ဆန္ဒရှိတဲ့အတိုင်း လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးသွားမှာ ဖြစ်သလို ကျန်ရှိနေတဲ့ စစ်ကောင်စီလက်အောက်က စစ်မှုထမ်းသင်တန်းဆင်း စစ်သားတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင် အမြန်ဆုံး ဆက်သွယ်ခိုလှုံဖို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မှာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ချေမှုန်းခံရ၊ စစ်ဗိုလ် ၁ဦးအပါဝင် ၃ဦးသေ၊ ၅ဦးကျော်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားတဲ့ မုက္ခမူနဲ့ ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Fire Dragon PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာ အစပ်က ရွာတွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင် မီးရှို့ လူသတ်ခဲ့၊ ပြည်သူ ၅ထောင်နီးပါး ထွက်ပြေးနေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ နဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဝင်ရောက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းက မောင်းကိုပြောပါတယ်။
Read More

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။  
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။