အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဦးစီးဖွင့်လှစ်တဲ့ အခြေခံ/ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် (၂/ ၂၀၂၅ ) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲကို နည်းဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ ဒေါနတပ်ရင်း (၂) တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်၊ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ NMSP A.D ရာမညတပ်တော် (RMA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်  စလွန်းထော ၊ MSRF တပ်ရင်းမှူး ဗိုလ်မှူး Dragon၊ KNLA တပ်ရင်း (၂၇) တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ မဟာမိတ်တပ်မှူးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာတော့ အလံတင်အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းအပြင် သင်တန်းဆင်းရဲဘော်တွေက စစ်ကြောင်းအလိုက် ချီတက်အလေးပြုခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲရဲ့ အဖွင့်မိန့်ခွန်းကို နည်းဗျူဟာ (၃၃)၊ နည်းဗျူဟာမှူး ရဲဘော် စောဒါးကိုက ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့တဲ့ သင်တန်းဆင်း သဝဏ်လွှာကို ဒေါနတပ်ရင်း (၂ ) – (YGF) တပ်ရင်းမှူး ရဲဘော် ဗိုလ်ကျန်ရစ်က ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းအမှာစကားအဖြစ် NMSP A.D ရာမညတပ်တော် (RMA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောနဲ့ မဟာမိတ်တပ်တွေကိုယ်စား MSRF တပ်ရင်းမှူး ဗိုလ်မှူး Dragon က အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သစ္စာရေသောက်ခြင်း၊ သင်တန်းဆင်း ဂုဏ်ပြုလွှာနဲ့ တာဝန်ပေးအမိန့်စာကို သက်ဆိုင်ရာ တာဝန်ခံ တပ်ခွဲမှူးတွေဆီ ပေးအပ်ခြင်းအပြင် ထူးချွန်သင်တန်းသားတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ကာ သင်တန်းဆရာတွေကို အသိအမှတ်ပြု လက်မှတ်တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်နက်ကြီးသင်တန်းဆင်း သင်တန်းသားတွေက လက်နက်ကြီး ပစ်ခတ်ပုံကို သရုပ်ပြခဲ့သလို အထူးစစ်ဆင်ရေး သင်တန်းသားတွေကလည်း လက်နက်မဲ့ ကိုယ်ခံစွမ်းရည်ကို အဖွဲ့လိုက် သရုပ်ပြခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်၊ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာကို အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာ အစပ်က ရွာတွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင် မီးရှို့ လူသတ်ခဲ့၊ ပြည်သူ ၅ထောင်နီးပါး ထွက်ပြေးနေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ နဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဝင်ရောက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းက မောင်းကိုပြောပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။