ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာက စစ်ရှောင်အမျိုးသမီး မအိန္ဒြေသူနဲ့ အဒေါ်ဖြစ်သူ ဒေါ်ပိန်သေးတို့ဟာ မင်းလှမြို့၊ လဝကရုံးမှာ မှတ်ပုံတင်လုပ်ပြီး ပြန်ထွက်လာစဉ် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် မအိန္ဒြေသူ ကိုခေါ်ကာ သူမရဲ့ အမေဖြစ်သူ ဒေါ်မထွေးကိုလည်း လက်ပံတန်းမြို့ပေါ်က စစ်ရှောင်နေတဲ့အိမ်မှာ သွားရောက်ဖမ်းဆီးခဲ့သလို မင်းလှရဲစခန်းမှာ ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၂ ရက် နေ့လယ် ၃ နာရီအချိန်မှာလည်း မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ငလှစမ်းရွာက စစ်ရှောင်နေကြတဲ့ ကိုမင်းဇော်နဲ့ ကိုစန်းမင်းအောင်တို့ဟာ သူတို့နေအိမ်တွေကနေ ပစ္စည်းတွေကို ကားနဲ့ သယ်လာစဥ် စမ်းတောင်ကွေ့အုပ်စု၊ ညောင်ပင်သာ ရွာအနီးလမ်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“အခု မင်းလှရဲစခန်းမှာ ဖမ်းခံထားရတာ ၅ ဦးရှိနေပြီ။ အခုထိ ပြန်မလွှတ်ပေးသေးတာ။ အမျိုးသမီး ၃ဦးကျ ဘာလို့ဖမ်းမှန်း မသိရဘူး။ ဒီစိမ်းလှကျေးရွာက ၂ယောက်ကကျ သူတို့ ပစ္စည်းတိုက်ပြီး လမ်းမှာ စစ်သားတွေနဲ့ တိုးတာ။ ကားပေါ်မှာ ဘီယာဗူးတွေတွေ့တော့ တရားမဝင်ပစ္စည်းတွေဆိုပြီး ဖမ်းသွားတာလို့ သိထားရပါတယ်” လို့ မင်းလှ ပကဖတာဝန်ခံက မောင်းကို ပြောပါတယ်။

အလားတူ ဇူလိုင် ၁၁ ရက်၊ မနက် ၈ နာရီခန့်မှာလည်း မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့အုပ်စု၊ ညောင်ပင်သာရွာထဲကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေကို စာသင်ကျောင်းမှာ လူစုထားကာ ကျေးရွာအတွင်း နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ရှာဖွေခိုးယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ် ၁လုံးကို မီးရှို့ကာ ဒေသခံ ၇ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အဲဒီ ၇ဦး ဖမ်းဆီးခံရတာမှာ ၃ ဦးက ပြန်လွတ်သွားတယ်။ ပြန်လွတ်တယ်ဆိုတာကလည်း အိမ်က ချက်ချင်းလိုက်တော့ ပိုက်ဆံပေးလိုက်မှ လွတ်တာပါ။ ကျန်တဲ့ ၄ ဦးက အခုချိန်ထိလည်း မလွတ်သေးဘူး။ ဘယ်မှာ ဖမ်းထားမှန်းလည်း မသိရဘူး” လို့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ပျောက်ဆုံးနေတဲ့ အဆိုပါ ၄ယောက်ကတော့ ညောင်ပင်သာ (အရှေ့) ရွာက ကိုမိုးဒီ၊ ကိုညီညီမိုးခန့်၊ ကိုဖိုးကုလားနဲ့ ကိုဝင်းထွဋ်နောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြားက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ ငဖဲမှာ ပိတ်ဆို့တိိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၂ ဦးနှင့် အရာခံဗိုလ်အပါ ၁၀ ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီး ၂ဦးအပါ ၁၂ ဦးကို အရှင်ဖမ်းမိ

ရခိုင်-မကွေး နယ်စပ်မျဥ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှုမှာ ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ယောက်နဲ့ အရာခံဗိုလ် အပါအဝင် သေဆုံးသူ ၁၀ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။