စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ကျောင်းကပြန်လာတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ယောက် နေရာမှာတင်သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲမှူး ကိုမိုးကြိုးက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂၁ ရက် မနေ့ကမနက်ပိုင်းမှာ ချောင်းဦးမြို့ပေါ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ၁၂၀ မမ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ရာ မှန်ချိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းကပြန်လာတဲ့ အသက် ၈နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် လက်နက်ကြီးစထိမှန်ကာ နေရာမှာတင်သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်လည်း လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ကလေးငယ်အား တွေ့ရစဥ်

“တိုက်ပွဲမရှိဘဲ ၁၂၀ မမ ၄ လုံး ဆက်တိုက်ပစ်ခဲ့တာပါ။ အဲ့ရုံးထဲကနေ ၁၅ ရက် တစ်ခါ၊ ၁ လ တစ်ခါလောက် ရမ်းပစ်တတ်ပါတယ်။ ၈ နှစ်သမီးက ကျောင်းကပြန်လာတာ အဲ့မှာ လက်နက်ကြီးကျတော့ သူ့ခါးကြောကို လက်နက်ကြီးစက ဒဲ့ထိုးဖောက်ပြီး ဟိုဘက်ဒီဘက်ပေါက်ထွက်ပြီး သေသွားတာပါ။ စိတ်မကောင်းစရာပါ။ ၁၄ နှစ်သမီးကတော့  စျေးဝယ်သွားရင်း လက်မောင်းမှန်တာပါ။ သူကတော့ အသက်အန္တရယ်မစိုးရိမ်ရပါဘူး” လို့ မုံရွာခရိုင် အမှတ်-၁၂တပ်ရင်း၊ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲမှူး ကိုမိုးကြိုးက မောင်းကိုပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စီကျေးရွာ၊  စာသင်ကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ  ရွာအတွင်း ပြန်ပြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

အာဏာသိမ်းကာလ ၄နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို KNU သိမ်းပိုက်နိုင်ခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ "အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း" အစီရင်ခံစာက ဆိုပါတယ်။
Read More

မူးယစ်ဆေးစွဲနေသူတွေ MLA ထံ လာရောက်ပြီး မူးယစ်ဆေးဖြတ်နိုင်

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ 
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့…

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦးနဲ့ တပ်မတော်ရဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။