အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 – အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရုံး စစ်ဆင်ရေးမှူး ရဲဘော်စောရှားက ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် PDF စစ်ရုံးချုပ် ဒုစစ်ရေးချုပ်က ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တာဝန်ခံ ရဲဘော်အောင်စံရှားက (၄) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနဲ့ ရန်ကုန်တိုင်း ပကဖ ထောက်ပို့တာဝန်ခံက ဂုဏ်ပြုအမှတ်တရစကားတွေ ပြောကြားခြင်းတို့ပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ဇူလိုင်လကနေ ၂၀၂၅ ဇူလိုင်လအတွင်း အသက်ပေးလှူခဲ့ရတဲ့ SOF ကျဆုံးရဲဘော်တွေကိုလည်း “သက်စွန့်အာဇာနည်ဆုတံဆိပ်”တွေ ချီးမြှင့်ခဲ့သလို ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးကာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရပေမယ့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေကို “ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်”တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် SOF တပ်ဖွဲ့ (၄) နှစ်ပြည့်အမှတ်တရ အားကစားနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကာ ဂုဏ်ပြုဆုငွေတွေလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က စတင်ဖွဲ့စည်းပေးခဲ့ပြီး ဇူလိုင်လ ၂၁ ရက် မနေ့က တပ်ဖွဲ့ စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။