မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုန်းလည်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတဲ့ စစ် ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရှင်းထုတ်ခဲ့ရာ စစ်ကောင်စီတပ်သား အများ အပြားသေဆုံးခဲ့တယ်လို့ 11 Brother Revolution Force က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်က ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာအထိုင်စခန်းက စစ်သား၊ ရဲနဲ့ ပျူစောထီး ပူး ပေါင်းစစ်ကြောင်းဟာ ကုန်းလည်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေစဉ် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီသားတွေဟာ ရွာအတွင်းကနေ ထွက်ပြေးသွားကြပြီး တော်လှန်ရေး ရဲဘော်တွေက ပြည်သူနေအိမ်တွေကို မီးငြှိမ်းသတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အင်အားပြန်လည်ဖြည့်တင်းပြီး ဇူလိုင်လ ၁၂ ရက်မှာ ငါန်းဇွန်မြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာရာ တော်လှန်ရေးပူးပေါင်းတပ်တွေက မီတာ ၁၀၀ အကွာအဝေးကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ကြီးပစ်ကူတွေ အသုံးပြုကာ ထိုးစစ်ဆင်လာတဲ့အတွက် အင်အားမမျှတာကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို 11 Brother Revolution Force အဖွဲ့နဲ့ နယ်မြေခံမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video -11 Brother Revolution Force

0 Shares:
You May Also Like
Read More

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးကြောင့် ရုရှား ဗုံးကြဲလေယာဉ်များအပါအဝင် လေယာဉ် ၄၁ စင်း ပျက်စီး (ရုပ်/သံ)

ရုရှားနိုင်ငံရဲ့ လေတပ်နဲ့ လေဆိပ်တွေအနီးမှာ ယူကရိန်းက ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။
Read More

စစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုကို တန်ပြန်တိုက်ခိုက်ရန် တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အနိုင်ကျင့်ဗိုလ်စိုးမိုးမှုကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ ကျည်ဝယ်ယူနိုင်ရေး ယင်းမာပင်ခရိုင်ပကဖ က တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် SSNDF / KNDF B-102 ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်နေတဲ့ SSNDF / KNDF B-102 ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းမိုင်မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲ လာရောက်အားပေးကြဖို့ ဒေါင်း ဖိတ်ခေါ် (ရုပ်/သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။