SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါပြိုင်ပွဲမှာ SSNDF/KNDF B-101 တပ်စိပ် (၁) တပ်စိပ်မှူး ခွန်စိုင်းက တစ်ယောက်ချင်းစီပြိုင်ပွဲ ပထမဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – SSNDF/KNDF B-101

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေကို အနီးကပ်ချေမှုန်းရာမှာ အရေးပါတဲ့ စက်လက်ဝယ်ယူနိုင်ရေး အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှာ ပြည်သူများထံ အကူအညီတောင်းခံ(ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်သားတွေကို အနီးကပ်ချေမှုန်းရာမှာ အရေးပါတဲ့ စက်လက် ဝယ်ယူနိုင်ရေး အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှာ ချောက်မြို့ချီတက်စက်လက်တစ်လက်ကမ်ပိန်းပြုလုပ်ထားပါတယ်။ လက်ရှိမြေပြင်မှာ စစ်ရေးတင်းမာနေပြီး တိုက်ခိုက်ရေးမှာ လိုအပ်လာတဲ့ စက်လက်ဝယ်ယူနိုင်ရေးပြည်သူများ ပါဝင်ပေးကြဖို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။ ကမ်ပိန်းကာလကို ဒီဇင်ဘာ ၂၅ ရက်ကနေ ဖေဖော်ဝါရီ ၂၅ ရက်အထိ ၂ လတာ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ညောင်ရွှေမြို့နယ် ရှမ်းတောင်အထူးတပ်ဖွဲ့များ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရှမ်းတောင်အထူးတပ်ဖွဲ့တွေ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။