ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။  

ကျားဖြန့်ဂိုဏ်းတွေက သမာရိုးကျ ဖုန်းနဲ့ အင်တာနက်လိုင်းတွေမဟုတ်ဘဲ စတားလင့်ခ် ဝန်ဆောင်မှုတွေ ရွေးချယ်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်သည့်တိုင် ပြဿနာက ဆက်ရှိနေပုံရပါတယ်။ 

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာတရားမျှတမှုမစ်ရှင် (IJM) ကနေပြီး Nikkei Asia နဲ့ ဝေမျှထားတဲ့ မိုဘိုင်းဖုန်းအချက်အလက်တွေအရ ကျားဖြန့်ဂိုဏ်းတွေဟာ ကနဦး ကေဘယ်ကြိုးတွေ ဖြတ်တောက်ချိန်ကနဲ့စာရင် စတားလင့်ခ်အသုံးပြုမှုက ၂ ဆတက်လာကြောင်း သိရပါတယ်။ 

IJM ရဲ့ ကမ္ဘာလုံးဆိုင်ရာ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Eric Heinz က “ဒီကိစ္စက ခေတ်စားလာနေတယ်” “အထူးသဖြင့် KK Park နဲ့ ပိုကြီးတဲ့ အဆောက်အဦးတချို့မှာ ဒါမျိုးတွေ တိုးလာတာကို တွေ့ရမှာပါ” “ခေါင်မိုးပေါ်က စတားလင့်ခ် အင်တာနာအငယ်လေးတွေ ဂူဂဲလ် ဂြိုလ်တုဓာတ်ပုံတွေမှာလည်း တွေ့ရမှာပါ” လို့ မှတ်ချက်ပြုပါတယ်။ 

မြဝတီနဲ့ အနီးတဝိုက်က ကျားဖြန့်လုပ်ငန်းကြီးရှစ်ခုကရတဲ့ IJM ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဧပြီလမှာ စတားလင့်ခ် ချိတ်ဆက်မှု ၂၄၉၂ ခု ရှိကြောင်းနဲ့ အဆိုပါကိန်းဂဏန်းဟာ ထိုင်းရဲ့ အင်တာနက်ပိတ်ဆို့မှု အပြည့်အဝ အသက်မဝင်မီ ၂၀၂၄ ဧပြီလကထက် နှစ်ဆပိုများကြောင်း သိရပါတယ်။ 

ကျားဖြန့်လုပ်ငန်း ခေါင်မိုးတွေရဲ့ ဂြိုလ်ထုဓာတ်ပုံတွေမှာဆိုရင်လည်း ယခင်နှစ်က လုံးဝမရှိခဲ့တဲ့ အဖြူရောင်စတားလင့်ခ်အပြားလေးတွေကို ၂၀၂၅ ခုနှစ်မှာ အများကြီး မြင်တွေ့ရလာပါတယ်။ 

“မြန်မာပြည်မှာ ခွင့်ပြုထားတာမျိုးမရှိပေမယ့် စတားလင့်ခ်က ဒီရာဇဝတ်ဂိုဏ်းတွေအတွက် အဓိကကျတဲ့ ဂြိုလ်တုဆက်သွယ်ရေးအခြေပြု စနစ်တစ်ခုဖြစ်လာတယ်” လို့ အရှေ့တောင်အာရှက မှုခင်းတွေကို လေ့လာတဲ့ ဟားဗတ် အာရှစင်တာက ဧည့်သုတေသီ Jacob Sims က ရှင်းပြပါတယ်။

ထိုင်းနယ်စပ် မဲဆောက်အခြေစိုက်တဲ့ Global Alms ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Michelle Moore ကလည်း ထိုင်းဘက်ခြမ်းက ရာဇ၀တ်ဂိုဏ်းတွေ အသုံးပြုတဲ့ အဆောက်အဦးတွေမှာ “စတားလင့်ခ်ဗန်းတွေ” ကို တွေ့ရကြောင်း အတည်ပြုပြောဆိုပါတယ်။ 

ကျားဖြန့်ဂိုဏ်းတွေကို ခေတ္တမျှ အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်တဲ့ ၂၀၂၃ နောက်ပိုင်း စတားလင့်ခ်ဗန်းတွေ တဖြည်းဖြည်းနဲ့ များလာကြောင်း သူမက မှတ်ချက်ပြုပါတယ်။ 

“အိမ်ခေါင်မိုးပေါ်တွေ၊ လသာဆောင်တွေမှာ မြင်နေရတယ်၊ ကျားဖြန့်အဆောက်အဦးတွေ အားလုံးပေါ်မှာ သူတို့တွေကို မြင်နေရတယ်။ စတားလင့်ခ်မရှိတဲ့ အဆောက်အဦးမျိုး လက်ရှိ ထိုင်းမြန်မာနယ်စပ်မှာ ရှိပါ့မလားတောင် မသိတော့ဘူး” “ဒါသူတို့ရဲ့ နည်းလမ်းအသစ်ပဲ” လို့ သူမက ပြောပါတယ်။ 

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဆိုက်ဘာမှုခင်းနှိမ်နင်းရေးဗဟိုဌာန ညွှန်ကြားရေးမှူး Pol Gen Thatchai Pitaneelabutr က အခြားနိုင်ငံတွေဆီ လိမ်လည်ခေါ်ဆိုမှုတွေ ဘယ်လောက်လျော့သွားလဲဆိုတာ မသိနိုင်ကြောင်း၊ လက်ရှိ အဲဒီစင်တာတွေမှာ လူပေါင်း တစ်သိန်းလောက် အလုပ်လုပ်နေတုန်းပဲဖြစ်ကြောင်း ဝန်ခံပြောဆိုပါတယ်။ 

မြန်မာနိုင်ငံ လောင်စာဆီနဲ့ စတားလင့်ခတ်တွေ မှောင်ခိုသွင်းနေတာက ထိုင်းရဲ့ (လောင်စာဆီ၊ လျှပ်စစ်နဲ့ အင်တာနက်) ဖြတ်သုံးဖြတ် ကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း သူက ပြောပါတယ်။

မူရင်းသတင်း – Myanmar Scammers Adopt Starlink in Bid to Evade Internet Blackout

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်အဖွဲ့များ ဝေဖန်

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။