မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်က အကြမ်းဖက်စစ်စခန်းတွေကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်အပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ ပြန်လည် ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်နေ့ မနက်အစောပိုင်းမှာ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်က စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မနှစ်က Alpha ဘိလပ်မြေစက်ရုံ အပါအဝင် မတ္တရာ အရှေ့ဘက် တကြောလုံး MDY PDF သိမ်းပိုက်ထားတာ။ အခု ဖြစ်တဲ့နေရာက Alpha ရဲ့ အနောက်ဘက်၊ ပုသိမ်ကြီးမြောက်ဘက် မတ္တရာနဲ့ ပုသိမ်ကြီးအစပ်ပါ” လို့ ပုသိမ်ကြီး စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေထဲ အထိနာခဲ့တဲ့ စစ်ကောင်စီက Y12 ၊ Y8 နဲ့ ဂျက်ဖိုက်တာလေယာဥ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက်မှာတော့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာအပါအဝင် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတွေမှာရှိတဲ့ အကြမ်းဖက်စစ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ပါတယ်။

MDY PDF ရဲ့ ထုတ်ပြန်ချက်အရ စခန်းတွေသိမ်းပိုက်အပြီးမှာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းနဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့သလို ဗိုလ်အဆင့်ရှိသူအပါ စစ်သုံ့ပန်း ၁၆ယောက်ကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းတွေထဲ တရုတ်အစိုးရထုတ် (Norinco) စစ်လက်နက် ခဲယမ်းသေတ္တာတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နဲ့ SSTF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကောင်စီက သိမ်းပိုက်ခံလိုက်ရတဲ့ ကျေးရွာတွေဆီ ပြန်လည်ထိုးစစ်ဆင်နေကြောင်း စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကတဆင့် သိရသလို တော်လှန်ရေးအင်အားစုတွေကလည်း မတ္တရာနယ်အတွင်း ထိတွေ့တိုက်ပွဲတွေဆက်ရှိနေကြောင်း၊ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

“ပွဲ ဆက်က နေသေးတယ်လို့ပဲ ယူဆရတယ်။ အတည်ပြု မရသေးဘူးဗျ” လို့ ပုသိမ်ကြီး စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

Voice Of Mandalay ရဲ့ပြောပြချက်အရလည်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေအတွက် မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

MDY -PDF နဲ့ ပူးပေါင်းတပ်တွေဟာ မတ္တရာမြို့နယ်ရှိ စစ်တပ်စခန်း ၃၀ ကျော်နဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက Alpha ဘိလပ်မြေစက်ရုံအပါအဝင် စခန်း၃ခုကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချပြီး ပြည်သူ ၈ယောက် သေဆုံးစေခဲ့

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကလေးဝမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကလေး၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အင်းစိန် မြို့သစ် (ဂ) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျား၂ ဖွဲ့ လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲရောင်းစားနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ မြို့သစ်(ဂ)ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်အား အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်း

ကျဆုံးရဲဘော် ခူးဟားရယ်ဟာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရင်း အောက်တိုဘာလ ၁၆ ရက်က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။