မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။

အလင်းဝင်လာတဲ့ ကိုဇော်ဇော် (ခ) R ကြီးဟာ မကွေးတိုင်းထဲမှာပဲ နေထိုင်သူဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ရက်၊ ည ၁၁နာရီလောက်မှာ စစ်ကောင်စီတပ်က ကား ၃စီးနဲ့ ရောက်လာကာ သူ့ကို နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

R ကြီးဟာ ပေါ်တာဆွဲခံရပြီးနောက် ရွှေကျင်တပ်ရင်း ၃၄၉ ဆီ ပို့ဆောင်ခံခဲ့ရကာ ၂လခွဲ သင်တန်းတက်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ငူဘက်ကို ၂လခန့် ရှေ့တန်း ထွက်ခဲ့ရသလို ရခိုင်ဘက်ကိုလည်း ထပ်မံပို့ဆောင်ခံရကာ ၁လခွဲလောက် ရှေ့တန်းထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ တာဝန်ထမ်းဆောင်နေရချိန် R ကြီးဟာ နောက်ထပ် တပ်သား ၂ယောက်နဲ့ ထွက်ပြေးခဲ့ပေမယ့် တိုက်မိုင်းနင်းမိပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။


“ရခိုင်တုန်းက တစ်ခါ ထွက်ပြေးသေးတယ်။ ရခိုင်မှာ ပြေးတုန်းက ၃ယောက်ပြေးတာ၊ တိုက်မိုင်း တိုးမိပြီး ခြေထောက်တိုက်သွားလို့ ပြန်အဖမ်းခံရတာ” လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ရဲ့ တပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

အဲဒီနောက်ပိုင်း R ကြီးဟာ ရခိုင်ကတဆင့် ပခုက္ကူ တပ်မ ၁၀၁ ဆီ ပို့ဆောင်ခံခဲ့ရပါတယ်။ အဲဒီကနေမှ ကမ္မဘက်ကို စစ်ကြောင်းထိုးရချိန်မှာ ထွက်ပြေးအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကြောင်းထွက်ဖို့ မြို့ပေါ်မှာ ကားနားတုန်း ထွက်ပြေးလာတာ၊ သူနဲ့ကျနော်က နဂိုကတည်းက သူငယ်ချင်းတွေ၊ ထောက်ပို့လုပ်နေတာ။ သူ သင်တန်းဆင်းပြီး ဖုန်းရတော့ ကျနော့်ဆီ ဆက်သွယ်လာခဲ့တယ်။ သူရောက်တဲ့အရပ်မှာ ကျနော်ကနေ လက်လှမ်းမှီသလောက် အဖွဲ့တွေနဲ့ ချိတ်ပေးခဲ့တယ်။ အခု ပခုက္ကူဘက် ရောက်လာတော့ ထွက်ပြေးပြီး ဖုန်းဆက်လာခဲ့တယ်။ သူ ဘယ်ရောက်နေပြီပြောတယ်။ ကျနော်တို့က သွားကြိုခဲ့တယ်” လို့ အထက်ပါ တပ်ဖွဲ့တာဝန်ခံက ဆက်ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း R ကြီး တစ်ယောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။