စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတချို့ရှိ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်နေရာတချို့မှာ ဇူလိုင်လအတွင်း လေကြောင်းရန်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့အတူ လေကြောင်း အန္တရာယ်ကို ကာကွယ်ဖို့ သရုပ်ပြ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကျေးရွာလူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

တချို့ကျေးရွာတွေမှာတော့ လူ့အခွင့်အရေးရာတာဝန်ခံတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေကပါ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကိုလေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှု များပြားခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်တပ်လေကြောင်း အန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အသိပညာပေးအချက်အလက်တွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အခြေခံပြီး လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေက လေကြောင်းအန္တရာယ် အသိပညာပေး ကာကွယ်မှုတွေကို မျှဝေပြောပြခဲ့တယ်လို့ သိရပါတယ်။

အခုလိုအသိပညာပေးမှုတွေ ပြုလုပ်နေချိန်မှာတောင် အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ပျံဝဲလာတာကြောင့် ကျေးရွာတချို့က ပြည်သူတွေ တကယ့်လက်တွေ့ တိမ်းရှောင်ပုန်းအောင်းခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Untitled design – 1
Untitled design – 1
Untitled design – 1
Untitled design – 1

0 Shares:
You May Also Like
Read More

ရေဦးက စစ်ဘေးမီးဘေးသင့် ပြည်သူတွေကို စောင်ခြုံတွေ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်ဘေးသင့် မီးဘေးသင့် ပြည်သူတွေကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နဲ့ "ကြယ်ငါးကောက်သူများအဖွဲ့" တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ "ဒီပဲယင်းမြိုနယ်ညီနောင်များ" ရဲ့ကိုယ်စား ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) တို့အဖွဲ့က အနွေးခြုံစောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

ကချင်နှင့် ယောဒေသ စစ်မျက်နှာပြင်များတွင် ဂန့်ဂေါခရိုင်တပ်ရင်းများမှ အင်အား ၅၀၀ ကျော် ဖြန့်ကျက် တိုက်ပွဲဝင်နေ

ယောဒေသအတွင်းနဲ့ ကချင်စစ်မျက်နှာပြင်တွေမှာ ဂန့်ဂေါခရိုင်တပ်ရင်းတွေက အင်အား ၅၀၀ ကျော် ဖြန့်ကျက်ပြီး တာဝန်ထမ်းဆောင်နေတယ် လို့ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီလ ၁ ရက် မနေ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။