ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။

ထာ့ဆောင်ယန်းမြို့နယ်၊ ဘန်ခွန်မဲရွာအနီးရှိ တောအုပ်ထဲကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ရုရှားထုတ် ကာမီကာဇေဒရုန်း တစ်စင်း ပျက်ကျခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဆိုပါတယ်။

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်မှာ အဆိုပါဒရုန်းဟာ မြန်မာစစ်တပ်က နယ်စပ်ရှိ KNU တပ်မဟာ ၇ ဌာနချုပ်ကို တိုက်ခိုက်တာဖြစ်နိုင်ပြီး ထိန်းချုပ်မှုအောက်က လွတ်ထွက်ကာ နယ်မြေကျော်ကျလာတယ်လို့ ယူဆရကြောင်း ပါရှိပါတယ်။

ပျက်ကျတဲ့ ဒရုန်းဟာ ရုရှားက ယူကရိန်းစစ်မြေပြင်မှာ အသုံးပြုနေတဲ့ အသေခံဒရုန်း အမျိုးအစားတစ်ခုဖြစ်တဲ့ Shahed Drone ရဲ့ ပုံစံကွဲဖြစ်နိုင်ကြောင်း ယူဆရတယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ အခုလိုမျိုး ရုရှားထုတ် ပုံစံကွဲဒရုန်းတွေ အသုံးပြုလာမှုဟာ စိုးရိမ်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအကြောင်း စုံစမ်းထောက်လှမ်းနေသလို စစ်လက်နက်တွေအကြောင်း ဖော်ပြလေ့ရှိတဲ့ TNISO အဖွဲ့က ပြောထားပါတယ်။

“မြန်မာစစ်တပ်က မာနယ်ပလောဒေသက KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ မကြာခဏ ဆိုသလို တိုက်ခိုက်နေတာပါ။ အရင်က တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေကတော့ ပြည်တွင်းမှာပဲ ပြန်လည်ထုတ်လုပ်တဲ့ အမျိုးအစားတွေ ဖြစ်ပြီး အခုလက်ရှိတွေ့တဲ့ပုံအရ ရုရှားက ဒရုန်းတွေကို တိုက်ရိုက်ဝယ်ယူနေသလားဆိုတာ သံသယ ဖြစ်ဖွယ်ရှိပါတယ်။ ရုရှားရဲ့ Shahed Drones တွေက ၂၀၂၄-၂၀၂၅ နှစ်တွေမှာ ယူကရိန်းစစ်မြေပြင်မှာ အသာရနေတယ်၊ လက်ရှိ မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီက ဒီလိုဒရုန်း ပုံစံကွဲအမျိုးအစားတွေကို သုံးလာနိုင်နေပြီဆိုတာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

(ဓာတ်ပုံ AEC Thailand)

0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်မှာ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီလ (၂၁) ရက်က ကျင်းပတဲ့ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

လူကုန်ကူးမှုများကြောင့် နာမည်ပျက် ဖိအားများနေချိန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးခေါင်းစဉ်နှင့် BGF/ DKBA၊ တရုတ်လုပ်ငန်းရှင်တို့ အစည်းအဝေးထိုင်

BGF နဲ့ DKBA တပ်ခေါင်းဆောင်တွေနဲ့ မြဝတီ (ရွှေကုက္ကိုလ်) မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ စောချစ်သူရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

ကူမင်းရောက်နေတဲ့ စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ICJ ကြားနာမှုတွင် အကြမ်းဖက်စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ကြောင်း NUG ထုတ်ပြန်

“အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခြင်းသည်ရိုဟင်ဂျာ ပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာတရားရုံး (ICJ)အား မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းပါသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။
Read More

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး ဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။