စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကနေ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၈ နဲ့ အပတ်စဥ် ၁၀ က ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း တပ်သား ၃ ယောက် အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၃ ယောက်ထဲမှာ တစ်ယောက်သာ လက်နက်ခဲယမ်းတွေ ယူဆောင်လာနိုင်ခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကတော့ အခြေအနေအရပ်ရပ်ကြောင့် လက်နက် မယူဆောင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ တာဝန်ခံက “ဒီကောင်(စစ်တပ်)တွေက စစ်မှုထမ်းတွေကို ရှေ့ဆုံးကတက်ခိုင်းတာပါ၊ မိုင်းရှိရင်လည်း ဒီကောင်တွေမိ၊ အပစ်ခံရလည်း ဒီကောင်တွေ ခံဆိုပြီး တက်ခိုင်းတာလေ။ မင်းကွန်းဒေသကို ဒုတိယတကျော့ စစ်ကြောင်းထိုးတော့လည်း အများဆုံးသေတာ ပစ (စစ်မှုထမ်း) တွေပါပဲ၊ ဒါကြောင့် အခွင့်အရေးရတာနဲ့ လက်နက် ပါအောင်ယူပြီး ပြေးကြပါ” လို့ တိုက်တွန်းထားပါတယ်။

စစ်မှုထမ်း တပ်သားသစ်တွေအနေနဲ့ အခြေအနေပေးတာနဲ့ တပြိုင်တည်း အသက်ဘေးကနေ လွတ်မြောက်နိုင်အောင် ထွက်ပြေးကြဖို့နဲ့ ကြောက်ရွံ့ပြီး ထွက်မပြေးရင် တိုက်ပွဲအတွင်း အသက်သေဆုံးမှာဖြစ်တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမှာ ကာလရှည်စစ်ပွဲအတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ဖို့ BLACK Cobra Column ထုတ်ပြန်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း KNLA တပ်ရင်း (၁၁) နယ်မြေကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် စစ်ပွဲကာလ ကြာရှည်နိုင်တယ်လို့ BLACK Cobra Column က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားရာ စစ်သား ၁ ယောက် သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ က ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂၉ ယောက်သေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၄) ဦး သေဆုံး၊ (၁) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။