ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ သာယာဝတီခရိုင်တပ်ရင်း ၃ (3803) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ သာယာဝတီခရိုင်အတွင်း ကျင်းပ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာတော့ တိုင်းစစ်ဌာနနဲ့ မဟာမိတ်တပ်တွေ ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပြီး တပ်ရင်းနဲ့ သင်တန်း တာဝန်ရှိသူတွေ အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် သင်တန်းဆင်းရဲဘော်တွေ သစ္စာရေသောက်တာ၊ ဘာသာရပ်အလိုက် ထူးချွန်သင်တန်းဆင်း ကျောင်းသားတွေကို ဆုပေးအပ်တာ၊ ထူးချွန်ကျောင်းသားတွေက အမှတ်တရ စကားပြောကြားတာ စတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သင်တန်းဟာ သင်တန်းကာလ ၃ လ ကြာမြင့်ခဲ့ပြီး သင်တန်းကာလအတွင်း ကိုယ်ကာယနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးသင်ခန်းစာ၊ နိုင်ငံရေးသင်ခန်းစာ၊ ဆက်သွယ်ရေးသင်ခန်းစာ၊ အခြေခံ ရှေးဦးသူနာပြု သင်ခန်းစာ စတာတွေကို သင်ကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သေနတ် ၂ လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို ငွေကျပ်သိန်း ၁၀၀၊ Redmi Note 13 Pro ဖုန်းတစ်လုံး ဆုချီးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၂၅၂) မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။