မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။

ကိုပြည့်စုံအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)၊ နေ့လယ်ပိုင်းမှာ ကျဆုံးအာဇာနည်တွေကို အလေးပြုပြီးနောက် အကြောကပ်ကာ မေ့မျောခဲ့ပြီး နေ့လယ် (၁) နာရီအချိန်မှာပဲ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက ရောဂါအခံရှိသူပါ။ သွေးတိုးဆီးချိုကြောင့် မဆုံးခင်ကတည်းက ကျန်းမာရေး အားနည်းနေသူ ဖြစ်ပါတယ်။ သတိလစ်တော့ အရေးပေါ် ဆေးဝါးကုသမှု ပေးဖို့အတွက်က ဆရာဝန်၊ ဆေးဝါး၊ အောက်ဆီဂျင် အချိန်နှင့် တပြေးညီ မရခဲ့တဲ့အခြေအနေပါ” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ဘီးလင်းမြို့နယ် NLD သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဖြစ်တဲ့ ကိုပြည့်စုံအောင်ကို စစ်တပ်နဲ့ ရဲတွေက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က သူ့နေအိမ်မှာပဲ လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂ (က)၊ ၅၀၅ (က) တို့နဲ့ ဘီးလင်းအထူးတရားရုံးမှာ အမှုဖွင့်ကာ ၂၀၂၂ ခုနှစ် ဧပြီလ (၅) ရက်နေ့မှာတော့ ထောင်ဒဏ် (၆) နှစ် မတရား အမိန့်ချခံခဲ့ရတာ ဖြစ်ပါတယ်။

“သူ့အိမ်ကို သေဆုံးပြီဆိုတာ အကြောင်းကြားလာပါတယ်။ အလောင်းတော့ပြန်မပေးပါဘူး ရောဂါအခံ ဘာမှကိုထွေထွေထူးထူးမရှိတာ။ ဝတော့ သွေးတိုးတော့ရှိတယ်။ ဇူလိုင် ၁၁ ရက်နေ့က ထောင်ထဲမှာ ကိုပြည့်စုံအပါ ၅ ဦး ရိုက်နှက်ခံရတယ်။ ရိုက်ခံရတဲ့နေ့မှာပဲ နိုင်ကျဉ်းတစ်ဦး သွေးအန်လို့ ဆေးရုံရောက်သေးတယ်။ နောက်နေ့မှာပဲ ပြန်သက်သာလို့ ထောင်ထဲပြန်ခေါ်သွားတာ။ ကိုပြည့်စုံအောင်က ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ ဗိုက်အောင့်တယ်။ ၁၁ နာရီမှာ ဆေးရုံတင်တယ်။ ၁ နာရီမှာ ဆုံးတယ်” လို့ ကိုပြည့်စုံအောင်ရဲ့ မိတ်ဆွေဖြစ်သူ မွန်ပြည်နယ် ပကဖ ဒုတာဝန်ခံ စောထူးအောင်က ဆိုပါတယ်။

သထုံအကျဥ်းထောင်တွင် ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသား ကိုပြည့်စုံအောင်

ကိုပြည်စုံအောင်ကို အဲဒီနေ့ ညနေ ၅ နာရီမှာပဲ အကျဉ်းထောင်က သင်္ဂြိုလ်လိုက်တယ်လို့ သိရပြီး မိသားစုကို အလောင်းပြန်ပေးခဲ့ခြင်း မရှိဘူးလို့ သူက ဆိုပါတယ်။ ကိုပြည့်စုံအောင်ရဲ့ သေဆုံးမှု ဖြစ်စဉ်အမှန်ကို မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စောထူးအောင်ကတော့ “ရဲဘော် တစ်ယောက်၊ အစ်ကိုတစ်ယောက်၊ မိတ်ဆွေကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ။ စိတ်မကောင်းမိတာ အမှန်ပါ။ ကိုပြည့်စုံအောင်က စိတ်ထားကောင်းတယ်။ အငယ်တွေကို အရမ်းညှာတာတယ်။ လူချစ်လူခင်များတယ်… စကားပြောအေးတယ်” လို့ ဆိုပါတယ်။

အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ကိုပြည့်စုံအောင်ဟာ ကျဆုံးသွားချိန်မှာ အသက် ၄၄ နှစ်သာ ရှိပါသေးတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွေကနေ နိုင်ငံရေးအကျဥ်းသား ၁၅ ယောက်ထိ သေဆုံးထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ဝန်ကြီးချုပ်၏ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အလွှတ်ပြပြီး ထောင်ဗူးဝတင် စစ်အုပ်စု က ပြန်လည်ဖမ်းဆီး၊ ထောင်ဗူးဝတင် ပြန်လည်အမှုဆင် ဖမ်းခံရသည့် နိုင်ကျဥ်း ၇၄ ဦးအထိ ရှိ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီး

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

အပစ်ရပ်ကာလအတွင်း နောင်ချိုတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ် ရှိနေ

အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြအနေနဲ့ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။