အရှေ့တောင်အာရှဒေသအတွင်း လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ ချဉ်းကပ်ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများကြား ကော်မရှင် (AICHR) အနေနဲ့ စတင်ဆောင်ရွက်နေကြောင်း Malaysiakini သတင်းက ဇူလိုင်လ ၁၈ ရက်မှာ ဖော်ပြပါတယ်။

၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တဲ့ AICHR ဟာ သူ့ရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် လူ့အခွင့်အရေးဆိုင်ရာ တိုင်ကြားချက်တွေကို လက်ခံဖို့၊ တုံ့ပြန်ဖို့နဲ့ နောက်ဆက်တွဲ လိုက်ပါဆောင်ရွက်ဖို့ တရားဝင်ယန္တရားအသစ် တစ်ရပ် စတင်မှာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ တိုင်ကြားချက်ပို့ပုံတွေ၊ အကာအကွယ်ခံရသူတွေကို ကိုင်တွယ်ပုံတွေ သိသိသာသာ ပြောင်းလဲပေးနိုင်မယ့် ငါးနှစ်တာ စီမံကိန်းတစ်ရပ် စတင်ဆောင်ရွက်နေကြောင်း ဆိုထားပါတယ်။

အရင်က အလွတ်သဘောနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကနေ အခုလို ပြောင်းလဲလာတာ ဖြစ်တယ်လို့ AICHR ရဲ့ လက်ရှိဥက္ကဋ္ဌ၊ မလေးရှားကိုယ်စားလှယ် Edmund Bon က Malaysiakini ကို ပြောပါတယ်။

“အရင်ကလည်း တိုင်ကြားချက်တွေလာတယ်၊ ဒါပေမယ့် ပြည်သူကို မျက်နှာမူတဲ့ လုပ်ထုံးလုပ်နည်း မရှိတဲ့အပြင် နောက်ဆက်တွဲ ဆောင်ရွက်မှုတွေလည်း တသမတ်တည်းမရှိနေဘူး””မကြာသေးခင်လေးကမှ AICHR ဟာ ပြင်ပက ပါဝင်ပတ်သက်သူတွေကို တရားဝင်တုံ့ပြန်တာတွေ စတင်လုပ်ဆောင်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

ဒီအစီအစဉ်ကို ၂၀၂၆ မှာ အကောင်အထည်ဖော်နိုင်ဖို့ အပြီးသတ်နေဆဲဖြစ်ပေမယ့် အကျိုးသက်ရောက်မှုတချို့တော့ ပုံပေါ်လာနေပြီဖြစ်ကြောင်း သိရပါတယ်။

“မလေးရှားရဲ့ ဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း သဘာဝပတ်ဝန်းကျင်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ (အဖွဲ့) နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာ FORUM-Asia တို့ကို တုံ့ပြန်ဆောင်ရွက်ခဲ့တယ်” လို့လည်း Bon ကပြောပါတယ်။

(ဓာတ်ပုံ AICHR Malaysia)

ပြီးခဲ့တဲ့လက ဒေသတွင်း တက်ကြွလှုပ်ရှားသူနှစ်ယောက်ဖြစ်တဲ့ Sevan Doraisamy နဲ့ Azura Nasron တို့ရဲ့ တရားစီရင်ရေးဆိုင်ရာ နှောင့်ယှက်မှုအပေါ် AICHR မလေးရှားရဲ့ တရားဝင်တုံပြန်မှုကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ FORUM-Asia က ကြိုဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။

AICHR ရဲ့ တုံ့ပြန်မှုအရ ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ သံခင်းတမန်ခင်းက ပြည်တွင်း ဆုံးဖြတ်ချက်ချမှုအပေါ် ဘယ်လောက်ဩဇာလွှမ်းမိုးနိုင်သလဲဆိုတာနဲ့ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ အမျိုးသားဥပဒေတွေက ဒေသဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ညီညွတ်ဖို့ ဘယ်လောက်အရေးပါလဲဆိုတာ မီးမောင်းထိုးပြနေတယ်လို့ Bon က ဆိုပါတယ်။

“ကျနော်တို့ စခဲ့တဲ့နေရာကနေဆိုရင် ဒါက တကယ့်အများကြီး ခုန်တက်သွားတာပဲ” လို့ သူက ပြောပါသေးတယ်။

AICHR ကို ၂၀၁၀ ခုနှစ်ကစလို့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက ကိုယ်စားလှယ်တွေ စတင်စေလွှတ်ကာ တိုင်ကြားချက်တွေ တုံ့ပြန်ရေး အလွတ်တမ်း လည်ပတ်စေခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ “တိုင်ကြားချက် တုံ့ပြန်ဆောင်ရွက်ရေး ယန္တရား” အဖြစ် တစိတ်တပိုင်း ပုံစံချ တည်ဆောက်ခဲ့တာပါ။

ဝေဖန်သူတွေကတော့ AICHR ရဲ့ သဘောထားခံယူမှုအခြေပြုတဲ့ ဖွဲ့စည်းမှုနဲ့ မဖြစ်မနေ လိုက်နာစေတဲ့ အာဏာမျိုး မရှိတာကြောင့် အသွားမရှိ (အလုပ်မဖြစ်) ဘူးလို့ ကာလရှည်ကြာ ဝေဖန်စွပ်စွဲခဲ့ကြပါတယ်။

ဒါပေမယ့် Bon ကတော့ လူငယ် အာဆီယံသံတမန်တွေနဲ့ နည်းပညာရှင်တွေအကြား နိုင်ငံရေးစိတ်ဆန္ဒ ပိုမိုကြီးထွားလာနေကြတယ်လို့ ပြောပါသေးတယ်။

“ဒါက မလေးရှားရဲ့ အားထုတ်မှု တစ်ခုတည်း မဟုတ်ပါဘူး။ ဒေသတွင်း အပြောင်းအလဲကို ထင်ဟပ်နေပါတယ်” “အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုဖုံးဖိမထားနိုင်တော့ဘူးဆိုတဲ့ အသိအမှတ်ပြုမှု တစ်ခုတော့ ရှိလာနေပါပြီ” လို့ သူက ဆိုပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်မှုတွေက အထူးသဖြင့် ပြည်သူတွေပါဝင်နိုင်မှု အကန့်အသတ်ရှိတဲ့ တိုင်းပြည်တွေမှာ စိန်ခေါ်မှု ရှိနေနိုင်ပြီး အခုလို အာဆီယံရဲ့ နောက်ဆုံးသော ဆောင်ရွက်ချက်ဟာ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် အလားအလာရှိတဲ့ အချိုးအကွေ့တစ်ခုဖြစ်ကြောင်းကိုလည်း Bon က ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း – Asean to launch landmark human rights reform plan by 2026

 

 

0 Shares:
You May Also Like
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ 
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။