မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေထဲမှာ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်းသေတ္တာ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းတွေဟာ တရုတ်အစိုးရပိုင် NORINCO(China North Industries Corporation) ထုတ် လက်နက်ခဲယမ်းသေတ္တာ ၁၀ လုံးကျော် သိမ်းဆည်းရရှိတာကို MDY-PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

Norinco ထုတ် ခဲယမ်းသေတ္တာပုံးတွေမှာ GBP128 Warhead ‌ရေးထားပြီး မိုင်းကွင်းတွေ ရှင်းရာမှာ အသုံးပြုတဲ့ စစ်မြေပြင်အင်ဂျင်နီယာသုံး mine-clearing line charge (MCLC) ဖြစ်ကာ တရုတ်စစ်တပ်မှာလည်း GBP-128 ကို man-portable MCLC အဖြစ် သုံးနေတယ်လို့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေအကြောင်း ရေးသားဖော်ပြနေတဲ့ Tactical Raptor 2.0 က ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီတူးဖော်ရယူနေတဲ့ ဝမ်ပေါင်ကုမ္ပဏီတွေဟာ Norinco လုပ်ငန်းစုရဲ့ လက်ခွဲကုမ္ပဏီတွေဖြစ်ပြီး မြန်မာနိုင်ငံကနေ ကြေးနီတွေ ထုတ်ယူကာ တစ်ဖက်မှာ လက်နက်တွေ ပြန်လည်တင်ပို့နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ အကြမ်းဖက်စစ်ကြောင်းက ရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ကန့်ဘလူ ၆၀၀၆ တကရ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်ရာက ပြန်တဲ့စစ်​အုပ်စုတွေ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စု ကင်းပုန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေကာ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ စစ်အုပ်စု အထိုင်စခန်းကိုကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ဒုတပ်ကြပ်တစ်ဦးအပါ ၃ ဦးကို အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ကြပ်တစ်ယောက်အပါအဝင် သုံး ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ရင်း 805 - Nay Pyi Taw PDF ဆီက သိရပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

ကျနော်က ငြိမ်းချမ်းရေးပဲ လုပ်တာပါ ဆိုတဲ့ ငါးမင်းဆွေကို သူထောက်ခံတဲ့ စစ်တပ်က ဖမ်းဆီးပြီး ရန်ကုန်ပို့

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးသွားပြီး ရန်ကုန်မြို့ကို ပို့ဆောင်မှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။