နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ အချိန်တွေအတွင်း အခက်အခဲ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရပ်တည်နေတဲ့ ပြည်သူ့သူရဲကောင်းတွေနဲ့အတူ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

SOF အနေနဲ့ ပြည်သူလူထုအတွက် ယုံကြည်အားကိုးရတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာအောင် ကြိုးစားအားထုတ်ဖို့ အသိပေး တိုက်တွန်းထားပြီး မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ပေးဆပ်မှုတို့နဲ့ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ တော်လှန်ရေးခရီးအတွင်း အသက်၊ သွေး၊ ချွေး တို့ကို ပဓာန မထားဘဲ တစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုက်ခိုက်ရုန်းကန်ခဲ့တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် (၄) နှစ်တာကာလအတွင်း အသက်၊ ခန္ဓာ၊ ဘဝ တို့ကို ပေးဆပ်စွန့်လွှတ်သွားတဲ့ ပြည်သူ့သူရဲကောင်း SOF ရဲဘော်တွေကိုလည်း လေးနက်တည်ကြည်စွာ ဦးညွှတ် ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်သံကွင်း – ကျောက်ကြီးလမ်းကို သိမ်းပိုက်ဖို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါဗုံးကြဲတိုက်ခိုက်နေဟု ကေအဲန်ယူ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနယ်မြေအတွင်းက နတ်သံကွင်း-ကျောက်ကြီးကားလမ်းမကို သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေသလို လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်(၄၄)လုံး ပျက်စီးခဲ့တယ်လို့ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၂၀နီးပါး ထိခိုက်သေဆုံး

"ပစ်တဲ့ လက်နက်ကြီးကတော့ ကျနော်တို့ နာမည်တော့ မပေးထားပါဘူး။ ကျနော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတာပါ။ လက်လုပ်လို့ပဲ ပြောရမှာပေါ့။ ၇လုံးပစ်တာမှာ ၅လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပေမယ့် ၂လုံးကတော့ အလွဲအချော်ဖြစ်ခဲ့ပါတယ်။" လို့ Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။