မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက  သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၇ ရက် မနက်ပိုင်းက အင်အား ၂၅ ယောက်ခန့်ရှိ လက်ဆည်ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းအတွင်းရှိ ရဲတန်းလျား ၄ ဆောင်၊ ဘန်ကာ ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ပင်မအဆောက်အအုံ ၁ ဆောင်နဲ့ ဘန်ကာ ၂ ခု သိမ်းပိုက်ဖို့ ကျန်ရှိနေချိန်မှာ တော်လှန်ရေးရဲဘော်တွေ လက်နက်ခဲယမ်း လျော့နည်းခဲ့ပြီး စစ်ကောင်စီတပ်ကူတွေ ရောက်ရှိလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိသွားပြီး  အမှတ် (၈) စစ်ကြောင်းက ရဲဘော် နဂါး (၃၆)နှစ်နဲ့ ရဲဘော်စိုင်းနောင် (ခ) ထွန်းခ အသက်(၁၉)နှစ်တို့ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အညာမြေတပ်ပေါင်းစုက ရဲဘော်တစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး Type-81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနဲ့အတူ အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုနဲ့ ပခုက္ကူခရိုင်တပ်ရင်း-၁၉၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့) ၊  ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ God of Myaing ၊ PL PDF ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း KNDF က မှတ်တမ်းရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်ကြောင်း ထိုးလာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းကို အုပ်ကြီးက ပြစ်မှုကင်းကြောင်းထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းလို့ အချင်းများ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းကို အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းတဲ့အတွက် နှစ်ဖက်အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရကာ ၉လကြာ ဆေးကုသမှု ခံယူပြီးနောက် ရဲဘော် မောင်ဘုန်းပြည့်ကျော် ကျဆုံးခဲ့ (ရုပ်/သံ)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ မန္တလေးဒေသခံ ရဲဘော် မောင်ဘုန်းပြည့် ကျော်ရဲ့စျာပနကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-Zoland ထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် MBT တပ်ဖွဲ့ဝင်များ မြို့တွင်းတွင် လှည့်လည်အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင် (Operation CB) နဲ့အတူ Myingyan Black Tiger (MBT)တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ MBT က သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ MBT တပ်ဖွဲ့ဝင်တွေဟာ မြို့ကိုသိမ်းပိုက်အပြီး မြို့တွင်းမှာ လှည့်လည်အောင်ပွဲခံခဲ့ကြတယ်လို့လည်း သ်ရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ကျေးရွာတွေကို ဖျက်ဆီးဖို့ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးစဉ်ကြီးကျေးရွာဘက်ကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Taung Tha People Defense Force မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။