မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လ ၁၇ ရက်နေ့က မြင်းခြံမြို့နယ်၊ ကုက္ကဲနယ်မြေရဲစခန်းနဲ့ ကုက္ကဲရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွေမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ဟာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ထွက်ခွာလာရင်း တော်လှန်ရေးတပ်တွေရဲ့ ကင်းပုန်းဝပ် စောင့်ကြို တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမြို့နယ် သိမ်းဆည်းရရှိသည့် လက်နက်များ

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် ပွဲချင်းပြီးသေဆုံးပြီး MA11 သေနတ် ၂ လက်အပါအဝင် ကျည်ဘောက် ၂ ခု၊ 5.56 ကျည် ၃၉ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ ဓား၂ ချောင်း၊ ဖုန်း ၁ လုံး၊ ငွေသား ၄ဝ၂၀၀ ကျပ်၊ လွယ်အိတ် ၁ လုံး၊ နားကြပ် ၁ခုနဲ့ ပေါ့ ၁ ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမြို့နယ် ကတော့ မြေပြင်အခြေအနေအရ သတင်းထုတ်ပြန်မှု နောက်ကျခဲ့တာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ရေးအရှိန် ဆက်လက်မြှင့်တင်နေတဲ့အချိန် ဖြစ်တာကြောင့် အရပ်သားတွေဘက်က စစ်တပ်၊ ရဲနဲ့ နီးစပ်ရာနေရာတွေဆီ သွားလာတာတွေ ရှောင်ရှားကြဖို့အပြင် လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေတူးပြီး အထူးသတိပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် တစ်ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။