အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော်လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီးမီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့်သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက လူပေါင်း ၂၈၀ ကျော်တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘောဟာ မြောက်ဆူလာဝေစီပြည်နယ် တာလုခရိုင်ကျွန်းမှ မြို့တော်မာနာဒိုသို့ သွားရောက်နေစဉ် ရုတ် တရက် မီးလောင်မှုဖြစ်ပွားပြီး ခရီးသည်တွေဟာ သက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီး ပင်လယ်ပြင်ထဲကို ခုန်ချခဲ့ကြပါတယ်။

ပင်လယ်ထဲက ခရီးသည်တွေကို ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ ကယ်ဆယ်ရေးတွေက အရေးပေါ်ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Abdul Rahman Agu)
0 Shares:
You May Also Like
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။
Read More

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် တိုက်တွန်းသည့် အမေရိကန် ကွန်ဂရက်ကြားနာပွဲအတွက် ကျေးဇူးတင်ကြောင်း CRPH ထုတ်ပြန်၊ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ ရာဇဝတ်လုပ်ငန်းများ ရှင်သန်ကြီးထွားနေလိမ့်မည်ဟု ဆို

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ ကျင်းပခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။