မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းက မြင်းခြံမြို့နယ် ကုက္ကဲနယ်မြေရဲစခန်းနဲ့ ကုက္ကဲအခြေခံပညာ အထက်ကျောင်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးရဲဘော်တွေက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်လုံးသေဆုံးပြီး MA-11 ၂ လက်၊ MA-11 ကျည်ဘောက် ၂ ခုနဲ့ 5.56 ကျည် ၃၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓား ၂ ‌ချောင်း၊ ဖုန်း ၁ လုံး၊ ငွေသား လေးသောင်းနှစ်ရာကျပ်၊ လွယ်အိတ် ၁ လုံး၊ နားကြပ် ၁ ခုနဲ့ ပေါ့ ၁ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်/သံ)

စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။
Read More

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် ထိခိုက်မှုကြောင့် မြိတ်မြို့သို့ ပြန်လှည့်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ် လဝကရုံးဂိတ်နှင့် ကင်းပတ်နေတဲ့ စစ်သားများကို တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးဂိတ်နဲ့ ကင်းပတ်နေတဲ့ စစ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ Federal Polaris Force ထံက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာနဲ့ ဝါးဒင်းကျေးရွာကြားရှိ တော်လှန်ရေးပူး ပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။