အပတ်စဥ် ၁ ခုကို စစ်သားသစ် ၄၀၀၀ ရရှိအောင် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခံရကာ စစ်သားဖြစ်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့မှာ အသိပေးဖိတ်ခေါ်ချက် ထုတ်ပြန်ကာ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ စစ်ရေးအရရှုံးနိမ့်မှုတွေကို တုန့်ပြန်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေ အမည်ခံပြီး အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်နေသလို စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်အလိုက် လူဦးရေ အနည်းဆုံး ၄ ထောင်ရရှိဖို့ကြိုးစားနေပြီး လူဦးရေ မပြည့်မီချိန်မှာ မြင်သမျှ လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးတာတွေ လုပ်နေတယ်လို့ NUG က ဆိုပါတယ်။

စစ်မှုထမ်းနည်းဥပဒေက လိုအပ်တဲ့အရေအတွက်မပြည့်မီရင် ဗဟိုအဖွဲ့က သတ်မှတ်ပေးတဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ရွေးချယ်နိုင်တယ်ဆိုပြီး စစ်ကောင်စီက တရားလက်လွတ်ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုထားသလို နိုင်ငံတဝှမ်း ခရီးသွားလာခွင့်ကို တင်းကြပ်ကန့်သတ်ထားကာ မြို့ရွာအဝင်အထွက်နဲ့ လမ်းမတွေပေါ်မှာ လူငယ်တွေကို ပြောင်ပြောင်တင်းတင်း ဖမ်းဆီးနေတာပါ။ ဒါ့အပြင် စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် -NSIMS နည်းပညာနဲ့ လူငယ်တွေကို မှတ်တမ်းတင်စာရင်းသွင်းကာ သားကောင်သဖွယ် ပိတ်လှောင်အသုံးချဖို့ ပြင်ဆင်နေတယ်လို့ NUGအစိုးရက ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီက လူငယ် ၇သောင်းနီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်သင်တန်းတွေဆီ ပို့ဆောင်၊ စစ်မြေပြင်တွေကို စေလွှတ်အသုံးချနေပြီး မြေပြင်မှာ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ်တွေရဲ့ ထွက်ဆိုချက်တွေအရ အဓမ္မစုဆောင်းခံရသူတွေကို တိုက်ပွဲဒေသတွေမှာ ရှေ့ထွက်အသေခံစစ်သားတွေအဖြစ် ရက်စက်စွာ အသုံးချနေတယ်လို့လည်း ဆိုပါတယ်။

မလွန်ဆန်နိုင်တဲ့အခြေအနေတွေမှာ တပ်သားသစ်အဖြစ် စစ်ကောင်စီရဲ့ အတင်းအဓမ္မ စုဆောင်းခံခဲ့ရသူတွေအနေနဲ့ အခွင့်သာတဲ့အချိန်တိုင်း တော်လှန်ရေးအင်အားစုတွေဆီကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးကူးပြောင်းခိုလှုံလာကြဖို့ NUG အစိုးရက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

NUG ၏ ထုတ်ပြန်ကြေညာချက် (ဓာတ်ပုံ NUG)

0 Shares:
You May Also Like
Read More

သံတွဲမြို့နှင့် ဂွမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။
Read More

မန္တလေးက မြို့နယ် ၇ ခုမှာ ၂ပတ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ လူငယ် ၁၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဘီလုံး (သို့မဟုတ်) စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရင်း ရဲရင့်စွာ အသက်ပေးခဲ့သူ

"သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ"