မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၇ ရက်မှာ ကုန်းကြီးပျူရွာကနေ စစ်ကောင်စီတပ် အင်အား ၆၀ ဝန်းကျင်နဲ့ တက်လာတာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်သတင်းရတဲ့အတွက် စောင့်ဆိုင်းကာ အိုင်းကြီးရွာနားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်မှု တစ်နာရီနီးပါး ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကာ ၁၅ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကုန်းကြီးမှာ အင်အားတိုးလာကတည်းက စောင့်ကြည့်နေတာဗျ။ ပစ်ခတ်မှုအတွင်း သေဆုံးတာနဲ့ ပတ်သက်ပြီး သေဆုံးတာကတော့ စနိုက်ပါသမားကတဆင့် ထမ်းစင်တွေနဲ့ ထမ်းသွားတာကို မြင်တာကော အတွင်းသတင်းအရကော သိရတာပါ” လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA) နဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်/ပေါက် ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ချောက် ခလရ ၁၃ အထိ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ချောက်မြို့နယ် တော်လှန်ရေးတပ် (CRA) ဟာ ဇူလိုင်လ ၂ရက်နေ့ကလည်း ခလရ ၄၁၆ ကနေ အင်အား ၈၀ ဝန်းကျင်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြေပဒုံနဲ့ တောင်သာရွာကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးကာ အရာရှိအပါ ၁၅ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

MDY-PDF ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး အယောက် ၆၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။