စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျနေမှုကနေ ပြည်သူကို ကာကွယ်ဖို့၊ စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်ပေါက်ဖွားလာစေဖို့ ရည်ရွယ်ပြီး ပြည်သူကို ဗဟိုပြုတဲ့ တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားနေတယ်လို့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) က ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထု ရွေးချယ်တင်မြောက်တဲ့ အရပ်သားအစိုးရရဲ့ နိုင်ငံရေးအရ ဦးဆောင်မှုကို ခံယူသွားမယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ စတင်ဖွဲ့စည်းချိန်က စစ်ကိုင်းတိုင်းဒေသအတွင်းမှာရှိတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးနဲ့ ချိတ်ဆက်ပြီး တည်ထောင်မှု စတင်ခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ည်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီအားပေးကြဖို့ရယ် စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့အတွက် အတူတကွ ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်” လို့ Sagaing PDF တပ်ဖွဲ့ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်က မောင်းကို ပြောပါတယ်။

Sagaing PDG အနေနဲ့ စတင်တည်ထောင်ပြီး ၃လကျော်မှာပဲ စစ်ဆင်ရေးတချို့ကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေဦး၊ တန့်ဆည်၊ ကနီ၊ မင်းကင်း စတဲ့ ဒေသတွေဘက်မှာ ဒေသခံအဖွဲ့တွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တော်လှန်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့တွေထံကနေ သင်တန်းဆင်းလာပြီးနောက် တခြားသော တပ်ဖွဲ့ဝင်တွေကို ပြန်လည်စစ်သင်တန်းပေးနိုင်ခဲ့သလို NUG လက်အောက်ခံ မဟုတ်ပေမယ့် စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတယ်လို့ Sagaing PDF က ဆိုပါတယ်။

“ကျနော်တို့အဖွဲ့က NUG ၊ MOD လက်အောက်ခံတော့ မဟုတ်ဘူး၊ ဒါပေမယ့် သီးသန့်နေတာတော့ မဟုတ်ဘူး။ အလုပ်ကတော့ တွဲလုပ်ကြပါတယ်။ တပ်ဖွဲ့တည်ထောင်ချိန်ကနေ အခုချိန်ထိ ကျနော်တို့အတွက် စိန်ခေါ်မှုကတော့ ဘဏ္ဍာရေးဆိုင်ရာနဲ့ လက်နက်ခဲယမ်းကတော့ ဒီနေ့အထိ ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ” လို့ Sagaing PDF တပ်ဖွဲ့ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်က ပြောပါတယ်။

စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) အနေနဲ့ တပ်ဖွဲ့စတင်တည်ထောင်ချိန်ကနေ အခုချိန်ထိ ပြည်သူလူထုဆီကနေ အခွန်၊ ဆက်ကြေး ကောက်ခံတာမျိုး မရှိခဲ့ဘဲ ပြည်သူလူထုက ကြည်ဖြူစွာ ထည့်ဝင်တဲ့ စုပေါင်းအင်အားနဲ့သာ ချီတက်နေတယ်လို့လည်း ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလက KNPP ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း နယ်မြေရဲစခန်းတွေနဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းတွေအပါ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်၊ ဗုံးကြဲခံရတဲ့ ပွင့်ဖြူ၊ မဲဇလီရဲစခန်းမှ စစ်ကောင်စီတပ် ယာယီစခန်းစွန့်ခွာသွားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နယ်မြေရဲစခန်းတွေနဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Earthquake People's Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကလေးတောင်ပိုင်း ကျွန်းချောင်းရွာနှင့် ထောက်ကြန့်ရွာကို စစ်အုပ်စု မီးဝင်ရှို့၊ မပြေးနိုင်သည့် အရပ်သား ၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

မကွေးတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ (GTC) တက္ကသိုလ်ထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက ကျွန်းချောင်းနဲ့ ထောက်ကြံ့ရွာ ၂ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကို ပြောပါတယ်။
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။