အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော်လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီးမီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့်သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက လူပေါင်း ၂၈၀ ကျော်တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘောဟာ မြောက်ဆူလာဝေစီပြည်နယ် တာလုခရိုင်ကျွန်းမှ မြို့တော်မာနာဒိုသို့ သွားရောက်နေစဉ် ရုတ် တရက် မီးလောင်မှုဖြစ်ပွားပြီး ခရီးသည်တွေဟာ သက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီး ပင်လယ်ပြင်ထဲကို ခုန်ချခဲ့ကြပါတယ်။

ပင်လယ်ထဲက ခရီးသည်တွေကို ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ ကယ်ဆယ်ရေးတွေက အရေးပေါ်ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Abdul Rahman Agu)
0 Shares:
You May Also Like
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မြန်မာမှာ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်သွားပြီ

မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၁ ယောက်ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး ဖမ်းဆီးထားသူများအား လွှတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ မြန်မာပြည်သူပြည်သားတွေနဲ့ GSM e.V. ပူးပေါင်းပြီး အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ လူမှုအခြေပြုအဖွဲ့အစည်းတွေက လိမ်လည်တဲ့ ဟန်ပြရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။