မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၉ ရက်က မြင်းခြံ-ပုဂံညောင်ဦးလမ်း တမိုက်သာကျေးရွာကနေ မြင်းခြံဘက် Alphard ကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ ၁ ယောက် အပါအဝင် ၃ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ မြင်းခြံဆေးရုံသို့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဇူလိုင် ၂၀ ရက်မှာ မြင်းခြံမြို့က ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အင်အား ၁၅၀ ခန့်ဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ပါတယ်။ အဆိုပါ သီတာယုမွန် စစ်ကြောင်း ဒရုန်းတက်ဖို့ ပြင်ဆင်နေတဲ့ နေရာကို တော်လှန်ရေးတပ်တွေက Multi Rotor ဒရုန်း ၂ စီးနဲ့ 1 Kg ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သီတာယုမွန် ပျူစစ်ကြောင်းက မြင်းခြံဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲမှာ တောင်သာမြို့နယ် ပကဖနဲ့ မလှိုင် ပကဖ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Video – Myingyan District Army-3 Drone Team

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေ အစောင့်လိုက်ပါလာတဲ့ ဆီဘောက်စာယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ဘက်ကနေ ထွက်လာတဲ့ ဆီဘောက်စာယာဉ် အစီး ၄၀၊ တွဲကား ၄ စီးနဲ့ သံပြားကာ ယာဉ် ၅ စီးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မအူ-မြေနဲကြားမှာ တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း PDF ရဲဘော်များ တပ်စွဲထားသည့် နေရာအား ထိုးစစ်ဆင်လာသည့် အကြမ်းစစ်တပ်ကို ခုခံတိုက်ခိုက် စစ်သားအများအပြား သေဆုံးပြီး နောက်သို့ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားတဲ့နေရာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး တပ်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ Myingyan Blcak Tiger – MBT က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မလှိုင်မြို့နယ် သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေကာ ၁ ယောက် ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။