မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၇ ရက်မှာ ကုန်းကြီးပျူရွာကနေ စစ်ကောင်စီတပ် အင်အား ၆၀ ဝန်းကျင်နဲ့ တက်လာတာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်သတင်းရတဲ့အတွက် စောင့်ဆိုင်းကာ အိုင်းကြီးရွာနားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်မှု တစ်နာရီနီးပါး ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကာ ၁၅ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကုန်းကြီးမှာ အင်အားတိုးလာကတည်းက စောင့်ကြည့်နေတာဗျ။ ပစ်ခတ်မှုအတွင်း သေဆုံးတာနဲ့ ပတ်သက်ပြီး သေဆုံးတာကတော့ စနိုက်ပါသမားကတဆင့် ထမ်းစင်တွေနဲ့ ထမ်းသွားတာကို မြင်တာကော အတွင်းသတင်းအရကော သိရတာပါ” လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA) နဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်/ပေါက် ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ချောက် ခလရ ၁၃ အထိ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ချောက်မြို့နယ် တော်လှန်ရေးတပ် (CRA) ဟာ ဇူလိုင်လ ၂ရက်နေ့ကလည်း ခလရ ၄၁၆ ကနေ အင်အား ၈၀ ဝန်းကျင်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြေပဒုံနဲ့ တောင်သာရွာကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးကာ အရာရှိအပါ ၁၅ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းမှ တပ်စုတပ်ကြပ်ကြီး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့်၊ ပူးပေါင်းဆောင်ရွက်မည့် NLD ပါတီဝင်များကို အရေးယူမည်ဟု NLD ကြေညာ

လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာတွေ၊ ပါဝင်ဆောင်ရွက်တာတွေကို လုပ်ဆောင်ရင် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ သတင်းကြေညာလိုက်ပါတယ်။