စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ် တစ်နေရာမှာ စစ်သင်္ဘောနဲ့ ထောက်ပို့ရေယာဉ်အုပ်စုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေပြီး သင်္ဘော၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ Salingyi Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၅ ရက်က ကနီမြို့နယ် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၄ စီးနဲ့ ထောက်ပို့ရေယာဉ် အစီး ၃၀ ခန့်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရေယာဉ်အုပ်စုရှိ ရွှေတောင်ဝင်ဖလပ်သင်္ဘော လက်နက်ကြီး ထိမှန်ပြီး စစ်သား ၂ ယောက်သေဆုံးကာ အခြားသင်္ဘော ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၄၅) KLG PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄/၁၅ SSTFနဲ့ အခြား မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Salingyi Special Task Force

0 Shares:
You May Also Like
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ပန်ဝါမြို့ရှိ စစ်တပ်လက်အောက်ခံတပ်စခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သားအလောင်း၊ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်နဲ့ ကာကင်းစခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၄ ရက်နဲ့ အောက်တိုဘာ ၁၅ ရက် မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

လမ်းပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ဆိုင်ကယ်တွေနဲ့ထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက လမ်းသွားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

ရွှေကူမှာ စစ်တပ်ရဟတ်ယာဉ်များ တိုက်ခိုက်ခံရသည့် ရုပ်/ သံ ဖိုင်

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ထောက်ပံ့ရေးပြုလုပ်နေတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
Read More

ကုက္ကိုစုနှင့် အုပ်ကျင်းရွာကို စစ်ကောင်စီတပ် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုနဲ့ အုပ်ကျင်းရွာကို မတ်လ ၆ ရက်ညပိုင်မှာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ဖို့ ပြင်ဆင်ရာမှာ ဒရုန်းဗုံးသီးပေါက်ကွဲပြီး ရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ဖို့ ပြင်ဆင် ရာမှာ ဒရုန်းဗုံးသီးပေါက်ကွဲပြီး ဧရာဒေါင်းရဲ‌ဘော် မောင်အောင်ဇော်မျိုး(ခ) ဂဠေုန် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနကို ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ပြီး မိသားစုကို တပ်ရင်းမှာ သွား ရောက်တွေ့ဆုံကာ ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။