မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၉ ရက် မနက်ခင်း ၁၀ နာရီအချိန်မှာ ပစ်ခတ်ခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိ သွားတယ်လို့လည်း ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေကို ပခုက္ကူမြို့ သီတာလမ်းဂိတ်၊ ရေဘေး၊ ဘုန်းကံရွာထိ ကင်းများအထပ်ထပ်ချပြီး ပခုက္ကူမြို့ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အဆိုပါ ဘုန်းကံဂိတ်ကိုလည်း  စစ်ကောင်စီက တပ်အင်အား ၇၀နီးပါး ဖြည့်တင်းထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။။

အဆိုပါတိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်၊ King Cobra၊ Yesagyo Revolution Group (YRG) နဲ့ ဒေါင်းစစ်သည် တို့ပူးပေါင်းလုပ်တောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊ ကလေးငယ် ၄ ဦးအပါ ၁၀ ဦးသေဆုံး

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် ၄ ယောက်အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်ဦး ပ.က.ဖ တပ်ခွဲဲ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် 21 Bagan-People Defense Force အနေဖြင့် Local PDF အဖြစ် ပြောင်းလဲရပ်တည်မည်

ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan - People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကုန်ကားများကို ဆက်ကြေးကောက်နေသည့် ရဲလင်မယား ပစ်ခတ်ခံရပြီး ရဲယောက်ျား သေဆုံး၊ ကိုယ်ဝန်သည် ရဲမိန်းမကို ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။