မန္တလေးတိုင်း တောင်သာမြို့ဂိတ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားတစ်ယောက် လက်ပစ်ဗုံးနဲ့ လက်နက်ကျည်တွေ ယူဆောင် အလင်းဝင်ရောက်လာတယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။

အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား မောင်ငြိမ်းမင်းဟာ ရန်ကုန်မြို့ မှော်ဘီ ရဲတပ်ရင်း (၅) မှာ သင်တန်းတက်ခဲ့ရပြီး အဲဒီကတဆင့် တာဝန်ထမ်းဆောင်ဖို့အတွက် တောင်သာမြို့ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် တောင်သာမြို့ မင်္ဂလာဦးဂိတ်ကနေ ဇူလိုင်လ ၁၉ရက်နေ့မှာ ထွက်ပြေး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီ ၁၉ရက်နေ့မှာပဲ ဆက်သွယ်တယ်။ ၁၉ရက်နေ့မှာပဲ ရောက်ရှိလာတယ်။ သူပေါ်တာဆွဲခံရတဲ့ရက်ကော၊ သင်တန်းပေးခံရတဲ့ရက်ကော၊ ရှေ့တန်းလွှတ်တဲ့ရက်ကော ၇လကျော်လောက်ပဲ ရှိသေးတယ်။ ယူလာတဲ့ လက်နက်ကျည်တွေက **** တစ်ယောက်ရဲ့ဟာကို ခိုးပြီး ယူလာတယ်လို့ ပြောတယ်” လို့ တောင်သာပကဖ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ တောင်သာပကဖက မောင်ငြိမ်းမင်းကို စောင့်ရှောက်ပေးထားပြီး သူကလည်း ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းက စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

“ကျနော်တို့ သူ့ကို စောင့်ရှောက်မှာပါဗျ။ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ မည်သူကိုမဆို ကျနော်တို့ဘက်က စောင့်ရှောက်မှာပါ။ အခုဆို ကျနော်တို့ သူ့ကို လောလောဆယ် သုံးစွဲဖို့ ငွေကြေးအလိုက်အထိုက် ပေးတယ်။ သူ့ရဲ့ တစ်ကိုယ်ရည် အသုံးအဆောင်တွေ ဝယ်ပေးတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

တောင်သာမြို့နယ် ပကဖအဖွဲ့ဟာ ဇွန်လ ၂၂ရက်နေ့ကလည်း မလှိုင်မြို့ပေါ်က စားသောက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်စားနေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် ကွမ်းယာလာဝယ်ချိန် စောင့်ဆိုင်းဖမ်းဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

မုံးစီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးစီးမြို့နယ် ရေပူစမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။