မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက် မနေ့က ည ၇ နာရီ ၅၇ မိနစ်ခန့်မှာ လောင်ကျွမ်းခဲ့တဲ့ အဆိုပါ မီးလောင်မှုကို Level 1 ယာဥ်အုပ်စု ထွက်ခွာကာ ၈ နာရီ ၁၆ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုဟာ Bluetooth Speaker Box အားသွင်းရာကနေ ဘတ္ထရီလောင်ကျွမ်းမှုကနေ စတင်ဖြစ်ပွားခဲ့ပြီး နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ MFSD)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကင်းလှည့်ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါ စစ်သား ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာမှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။