အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။

အသက် ၂၅ နှစ်သာ ရှိသေးတဲ့ နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်မှာလည်း ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရစဥ် စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရမှုတွေကြောင့် ဦးခေါင်းတွင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက လုံလောက်တဲ့ ဆေးဝါးကုသမှုတွေလည်း မပေးခဲ့ဘူးလို့ သိရပါတယ်။ 

ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင်ဟာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရကာ ထောင်ထဲမှာ ဦးနှောက်အကျိတ်တည် ဒဏ်ရာနဲ့ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်း စတဲ့ အရေးပေါ်အခြေအနေတွေ ခံစားခဲ့ရပြီး ၄ နှစ်ခန့်အကြာမှာတော့ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်တာဝါတိုင်စခန်းမှ စစ်သားတစ်ဦး တိုက်ပွဲအတွင်း လက်နက်ချ ထွက်ပြေးကာ အလင်းဝင်

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဆောနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံး ၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။