မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်သင်္ဘော ၅ စီးပါ စုစုပေါင်း သင်္ဘော ၁၄ စီး အုပ်စုကို MDY PDF က မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တလျှောက် ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပြီး စစ်သင်္ဘောတစ်စီးနဲ့ အခြားသင်္ဘော ၂ စီး မီးလောင်ပျက်စီးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သူတို့ရဲ့ သင်္ဘောတွေ အထက်သို့ ဆန်တက်နေတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ Y12 လေယာဥ်တွေနဲ့ ထပ်ကြပ်မကွာ ဗုံးကြဲကာကွယ်ပေးခဲ့ပြီး ဂျက်ဖိုက်တာတွေ၊ Mi-35 တွေနဲ့လည်း အကြိမ်ကြိမ် ဗုံးကြဲနေတဲ့ကြားက အခုလို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခလရ ၂၇၃ နှင့် ခမရ ၁၀၁ မှ စစ်ကောင်စီတပ်သား ၂ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်…

တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၂၇၃) ခြေလျင်တပ်ရင်းနဲ့ အမှတ်(၁၀၁) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဒေါနစစ်ကြောင်းဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ(၇) - Launglone Peninsula Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။