စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။ 

ကိုနိုင်ဝင်းစိုးဟာ ၂၀၂၅ ဇန်နဝါရီလမှာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံခဲ့ရပြီး ရဲမွန်တပ်မြိုမှာ စစ်သင်တန်း ၁ လခွဲ ရယူကာ ရက္ခိုင်ဒေသသို့ ပို့ဆောင်ခဲ့ရတာပါ။ ရခိုင်ဒေသအတွင်း တပ်မ(၅၅) မှာလည်း တာဝန်ထမ်းဆောင်ခဲ့ရပြီး  အမြင့်ကျွန်း ရှေ့တန်းကာကင်း ရောက်ရှိနေချိန်မှာ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီး AA ထံ အလင်းဝင်ခဲ့တာဖြစ်တယ်လို့ တပ်သားနိုင်ဝင်းစိုးက ပြောခဲ့တာပါ။

ရခိုင်ဒေသကို ရောက်ရှိနေချိန်မှာ ဒေသခံရပ်ရွာများကိုဝင်ရောက်ပြီး နေအိမ်များကို ဖျက်ဆီးခဲ့ရကြောင်းနဲ့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးတွေကိုလည်း စစ်တပ်ရဲ့အမိန့်ကို မလွန်ဆန်နိုင်တာကြောင့် ဖျက်ဆီးခဲ့ရပုံတွေကို ပြောကြားထားပါတယ်။

Video – AA Info Desk

0 Shares:
You May Also Like
Read More

‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''
Read More

တော်ဝိ စစ်စခန်းမှ ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းများ၏ ဝန်ခံ‌ပြောကြားချက် (ရုပ်/ သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တောကျီးကန်းတပ်ရင်း နဲ့ တော်ဝင်ဒေါင်းတပ်ရင်း ပူးပေါင်းအဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက် နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူရဲ့ မိသားစုဝင် ပြောပြတဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်း (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းနိုင် (ခ) အကြီးကောင် (၄၀)နှစ် ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိသားစုရဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်းကို MNDAA က ဖော်ပြလာပါတယ်။
Read More

People’s Healthcare Network (Kalay) တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနှင့် အတွင်းလူနာ စုစုပေါင်း ၂၈၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ People's Healthcare Network (Kalay) ရဲ့ တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနဲ့ အတွင်းလူနာ စုစုပေါင်း ၂၈၇ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိုက်နှက်နှိပ်စက်ခံနေရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကို PDF ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ ခလရ ၂၅၄ တပ်ကြပ် စံမိုးကို ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ Burma Revolution Rangers တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။