မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျောက်လှေခါး‌ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ၁၇ရက်နေ့က ကျောက်လှေခါးရွာ စစ်ဆေးရေးဂိတ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ရာမှာ စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ အဆောက်အဦနားကို ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေစဥ်

“စစ်ဆေးရေးဂိတ်နဲ့ ခွေးတွေရှိတဲ့ အဆောက်အဦနား ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဗုံးသီးကတော့ ၈ လုံးချတာပါ။ ဂိတ်ရော သူတို့နေတဲ့နေရာရော ချတာပေါ့။ ၂ ယောက် ထိတယ်လို့တော့ သိရပါတယ်။ ၁ ယောက်ကတော့ ပြင်းထန်တယ်။ အသေအပျောက်တော့ မသိရသေးဘူး” လို့ ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး ပြန်လည်ပစ်ခတ်တာမျိုးတွေ ရှိခဲ့ပေမယ့် ရေစကြိုတပ်ပေါင်းစု ဒရုန်းအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေစဥ်
0 Shares:
You May Also Like
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လို့ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၄ ယောက် သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေသည့် နေရာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် KNDF တပ်ရင်းအမှတ် (၃၄) မှ ရဲဘော် ခူးမီရယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၃၄)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။