မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက ရဲ ၂ ယောက် မောင်းနှင်လာတဲ့ ရဲကားကို တိုက်ခိုက်ခဲ့ရာ၊ အဆိုပါ ရဲနှစ်ယောက်သေဆုံးပြီး သေနတ် နှစ်လက်နဲ့ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း-NPDF က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မောင်းနှင်လာတဲ့ ရဲကားတစ်စီးကို NPDF ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုအပြီးမှာတော့ အဆိုပါ ရဲကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း BA-94 (၂)လက်၊ ကျည်ဘောက် (၅)ဘောက်၊ 9mm ကျည်(၁၂၃)တောင့်၊ 7.62ကျည် (၁၂၇)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး၊ ရဲကားကို မီးရှို့အပြီးမှာတော့ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။

Video – NPDF

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် စလင်းပကဖ ရဲဘော် အောင်ဌေးဝင်း စျာပန (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်အောင်ဌေးဝင်းဟာ ဇူလိုင် ၂၃ ရက်က အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းက ထုတ်ပြန်ထားပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။