ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ “အော်ပရာ” အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီထံ ဖမ်းဆီးခံထားရတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေအတွက် ထောင်ဝင်စာပို့ပေးနိုင်ရေးနဲ့ စာအုပ်အဖြစ်ထုတ်ဝေနိုင်ရေးတွေအတွက် ရည်ရွယ်တဲ့ ” အော်ပရာ” ကဗျာစာအုပ်ကို ကလောင်အမည် ကိန်း(ခရမ်း) တစ်ဖြစ်လဲ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရေးသားဖြန့်ချိတာလို့လည်း သိရပါတယ်။

“ကျနော်တို့တပ်ဖွဲ့က ညီအစ်ကို ရဲဘော်ရဲဘက်တချို့ မြို့ပေါ်မှာ UG ဆော့ရင်း စကစရဲ့ ဖမ်းဆီးမှုကို ခံထားရပါတယ်။ စာအုပ်မထုတ်ခင် ရက်ပိုင်းလောက်က သူတို့တွေ ထောင်ထဲမှာ အဆင်မပြေတာတွေနဲ့ ကြုံနေရတယ်ဆိုပြီး သတင်းတစ်ခုကြားတယ်ပေါ့။ အဲ့သတင်းကြားကြားချင်း ကျနော့်ခေါင်းထဲ အတွေးချက်ချင်းဝင်လာတယ်။ ကျနော့်ကဗျာလေးတွေကို စာအုပ်အနေနဲ့ မဟုတ်သေးဘဲ Ebookအနေနဲ့ပဲ အရင်ထုတ်ပြီး ရောင်းချမယ်ပေါ့။  ပြီးမှရလာတဲ့ငွေကြေးလေးတွေစုပြီး တစ်ဝက်ကို အဲ့ရဲဘော်တွေအတွက် အသုံးပြုမယ်။ ကျန်တစ်ဝက်ကိုတော့ စာအုပ်အဖြစ်ထုတ်မယ်ပေါ့။ အမှန်ဆို ကျနော့်ကဗျာတွေကိုတော့ စာအုပ်အနေနဲ့ ပုံနှိပ်ထုတ်ဝေပြီး သေချာလေးထုတ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ ပြောထားသလို Ebook ပဲအရင်ထွက်တာပါ” လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။

“အော်ပရာ” Ebook ကဗျာစာအုပ်မှာ  မော်ဒန်ကဗျာအမျိုးစား ၃၅ ပုဒ် ပါဝင်မှာဖြစ်ပြီး တော်လှန်ရေးကာလအတွင်းက လူငယ်တွေရဲ့ အိမ်လွမ်းနာ၊ ချစ်ခြင်းမေတ္တာနဲ့ မကျေနပ်ချက်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဒါ ကျနော်ရဲ့ဒုတိယမြောက်ကဗျာစာအုပ်ပါ။  ၂ နှစ်ကြာ အချိန်ယူရေးသားထားတဲ့ ကဗျာတွေပါမယ်ပေါ့။ ခေတ်ဆိုး စနစ်ဆိုးထဲ ရှင်သန်ဖြတ်သန်းနေရတဲ့ လူငယ်တွေရဲ့အိမ်ကိုလွမ်းတာတွေ၊ ချစ်သူခင်သူတွေကို လွမ်းတာတွေနဲ့ မကျေနပ်ခြင်းတွေကို ကဗျာအဖြစ်နဲ့ ထပ်တူခံစား ရေးသားထားတာတွေ ပါပါမယ်။ Ebook ဆိုတော့ Link နဲ့ ဝင်ဖတ်ရမှာပေါ့။ကျနော့်ရဲ့ အနုပညာလက်ရာကို အားပေးကြပါ။” လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။

ရဲဘော်ကိန်းရဲ့ “အော်ပရာ” ကဗျာစာအုပ်ကို Ebook အဖြစ် အခုလ (ဇူလိုင်လ ၈) ရက်နေ့က စလို့ သြဂုတ်လ ၈ ရက်နေ့အထိ တစ်လကြာ ရောင်းချနေတာဖြစ်ပြီး စာအုပ်တစ်အုပ်ကို မြန်မာငွေ ၁၅၀၀၀ (တစ်သောင်းငါးထောင်ကျပ်) သတ်မှတ်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) နှင့် ခရမ်း PDF မှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) နဲ့ PDF-Khayan က နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့သူတွေနဲ့ တပ်ဖွဲ့မှာ ကျဆုံးခဲ့သူတွေအတွက် ရည်စူးပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းကပ်လှူကာ ကုသိုလ်ပြုအမျှဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။